DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သား ၃ ဦး ထိုင်းတွင် အသတ်ခံရမှု အမြန်ဖော်ထုတ်ရန် ခရိုင်ရဲချုပ် ညွှန်ကြား
DVB
·
February 2, 2015
မြန်မာလုပ်သား ၃ ဦး ထိုင်းတွင် အသတ်ခံရမှု အမြန်ဖော်ထုတ်ရန် ခရိုင်ရဲချုပ် ညွှန်ကြား
Donate to DVB

ထိုင်းနိုင်ငံ ချိုင်ဘူရီခရိုင်မှာ ၁၃ နှစ်အရွယ် ကလေးတယောက် အပါအ၀င် မြန်မာ ၃ ယောက် အသတ်ခံရမှုကို အမြန်ဖော်ထုတ်နိုင်အောင် လုပ်ဆောင်ဖို့ ဆူရတ်ဌာနီ ခရိုင်ရဲချုပ် ရဲမှူးကြီး အဖီချတ် ဘွန်စရီရော့ဂ်ျက စုံစမ်းစစ်ဆေးသူတွေကို ညွှန်ကြားထားပါတယ်။ အသတ်ခံရတဲ့ အလုပ်သမား ၃ ဦးထဲမှာ အသက် ၁၃ နှစ်ရွယ် ကလေး ၁ ဦးပါ ပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက် ည ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာပါ။

[caption id="attachment_79711" align="alignright" width="511"]ဓာတ်ပုံ- MAT ဓာတ်ပုံ- MAT[/caption]

လူသတ်မှုဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက်နေ့ ည ၉ နာရီလောက်က ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေရာ စိုင်သွန်မြို့နယ်ထဲက ရာဘာစိုက်ခင်းထဲမှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီအချိန်က သေနတ်သံ ၁၄ နဲ့ ၁၅ ချက်လောက် ကြားခဲ့ရပြီး အလောင်းတွေမှာလဲ ခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ်နေရာတွေမှာ အနီးကပ် ပစ်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရတယ် လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

အိမ်အပြင်ဖက်မှာ အလောင်း ၁ လောင်း၊ အိမ်တွင်းမှာ အလောင်း ၂ လောင်း တွေ့ရပြီး သေသူတွေဟာ မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်က လာသူတွေ ဖြစ်ပါတယ်။

သေဆုံးသွားကြတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ချစ်ဖူး၊ အသက် ၂၂ နှစ်ရွယ် ကိုဆန်းဝင်းတို့ဟာ ညီအစ်ကိုတွေဖြစ်ကြပြီး အသက် ၃၀ အရွယ် ကိုကျော်ထူးနဲ့လည်း ဆွေမျိုး တော်စပ်ကြပါတယ်။

ဒီလူသတ်မှုဟာ ဆူရတ်ဌာနီခရိုင်တွင်းက တခြားရာဇ၀တ်မှုတွေနဲ့ ဆက်စပ်မှု ရှိနေ နိုင်တယ်လို့ အစောပိုင်းမှတ်တမ်းတွေက ပြနေတယ်လို့လည်း ဆူရတ်ဌာနီ ခရိုင်ရဲချုပ်က ပြောပါတယ်။

ချိုင်ဘူရီခရိုင်ရဲချုပ် ရဲမှူးကြီး ဆွန်ခရမ်ဝဏ္ဏရဲ့ ပြောကြားချက်အရ အိမ်နီးချင်းတွေဟာ အဲဒီည ၉ နာရီလောက်က စိုက်ခင်းထဲကို ထိုင်း ၄ ယောက် ရောက်လာတာ တွေ့ရတယ်လို့ ပြောကြောင်း သိရပါတယ်။

သေဆုံးသူ မြန်မာ ၃ ဦးကိုတော့ ပညာရေးနဲ့ဖွဲ့ဖြိုးမှု ဖောင်ဒေးရှင်း(အက်ဖ်အီးဒီ)နဲ့ ဒေသခံ ရွှေ့ပြောင်းလုပ်သားအဖွဲ့တွေက ဘုန်းကြီးကျောင်းတခုမှာ အသုဘအခမ်းအနားကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့က စီစဉ်လုပ်ဆောင်ပေးခဲ့ကြပါတယ်။

အဲဒီအသုဘအခမ်းအနားကို အရပ်ဝတ် ၀တ်ထားသူ ထိုင်းရဲ ၄ ယောက် လာရောက်ခဲ့ပြီး သေဆုံးသူတွေနဲ့ ဆွေမျိုးတွေအကြောင်း မေးမြန်းသွားခဲ့ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေဟာ ထိုင်းလူမျိုးတွေ ဖြစ်ဖို့များတယ်လို့လည်း ပြောသွားကြောင်း သတင်းပေးသူတယောက်က ပြောပြပါတယ်။

ကိုးကား - ဘန်ကောက်ပို့စ်(Bangkokpost)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013