DVB Logo
Home
မြန်မာသတင်း
၎ ပွင့်ဆိုင်ဆွေးနွေးပွဲ အချို့အချက်များ မပြေလည်၊ ဖေဖော်ဝါရီ ၃ ရက် ထပ်ဆွေးနွေးမည်
DVB
·
February 1, 2015
၎ ပွင့်ဆိုင်ဆွေးနွေးပွဲ အချို့အချက်များ မပြေလည်၊ ဖေဖော်ဝါရီ ၃ ရက် ထပ်ဆွေးနွေးမည်
1 / 4
Donate to DVB

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က တင်ပြလာတဲ့ အချက် ၉  ချက်နဲ့ ပတ်သက်လို့ တချိ့အချက်တွေကို သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က မူလ ပြောဆိုထားတဲ့အချက် ၁၁ ချက်ထဲမှာ မပါတာတွေ ထပ်မံတင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။

ကျောင်းသား ကိုယ်စားလှယ်တွေ ထပ်မံတင်သွင်းတဲ့ အချက် ၉  ချက်ထဲက  ညီတူညီမျှ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ သတင်းထုတ်ပြန်ရေး၊ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ သဘောတူညီမှု စတဲ့ အချက်တွေကို သဘောတူပေမယ့် နံပါတ် ၅ ဖြစ်တဲ့ လက်ရှိ ဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာများ သမဂ္ဂတွေရဲ့ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့နေရာမှာ  သဘောတူညီမှု မရခဲ့ဘူးလို့ ဆိုပါတယ်။

နံပါတ် ၆ အချက်ဖြစ်တဲ့ ပညာရေး မူဝါဒ ဥပဒေ နည်းဥပဒေများ ရေးဆွဲရာမှာ ဆရာနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ရေးဆိုတဲ့အချက်ကိုလည်း ၀န်ကြီး ဦးအောင်မင်းတို့ဘက်က မူအရ သဘောတူခဲ့ပါတယ်။

အချက် ၇ ဖြစ်တဲ့  ဒီမိုကရေစီ ပညာရေး သပိတ်မှာ ပါဝင်သူတွေကို အရေးမယူရဆိုတာနဲ့ ပတ်သက်လို့ ဆက်နွေးရာမှာတော့ လက်ရှိ သပိတ်စစ်ကြောင်းကို ပုပ္ပားအထိ တာဝန်ယူမှာဖြစ်ပြီး ကျန်တာကိုတော့ သမ္မတကို ပြောပေးမယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ စနေတဲ့အတွက် ကျောင်းသားသပိတ်စစ်ကြောင်းတွေ သပိတ်လှန်ပေးဖို့ အစိုးရဘက်က တောင်းဆိုထားပါတယ်။

နံပါတ် ၈ အချက်ဖြစ်တဲ့ ရက် ၃၀ အတွင်း ဆွေးနွေး ရရှိလာရမယ်ဆိုတာကို ဆောလျင်စွာဆိုတဲ့ စကားလုံးနဲ့ အစာထိုးပြီး သဘောတူခဲ့ကြပါတယ်။

နောက်ဆုံး နံပါတ် ၉  ဖြစ်တဲ့ လွှတ်တော်က အတည်ပြုရာမှာ ကျောင်းသာထု လိုလားချက်နဲ့ ကိုက်ညီမှု ရရှိမယ် ဆိုတဲ့နေရာမှာ လွှတ်တော်က တိုက်တွန်းတယ်ဆိုတာနဲ့ အစားထိုးပြီး သဘောတူခဲ့ပါတယ်။

သဘောတူညီမှု ကျေကျေလည်လည် မရသေးတဲ့ အချက်တွေနဲ့ ပက်သက်လို့ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့ နေပြည်တော်မှာ ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

ဆွေးနွေးပွဲ ရလဒ်နဲ့ ပက်သက်လို့ ကြေညာချက် ထုတ်ပြန်တဲ့အခါမှာ ဆွေးနွေးတဲ့ ၄ ဖွဲ့လုံး ပါဝင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဒီဗွီဘီသတင်းထောက် မျိုးမင်းဦးက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ ၂ ကြိမ်တိုင်တိုင် ဆွေးနွေး အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် NNER နဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတွေကနေ ကိုယ်စားလှယ် ၁၅ ဦးစီ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

[gallery ids="79646,79647,79648,79649"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013