DVB Logo
Home
မြန်မာသတင်း
အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် သပိတ်စစ်ကြောင်း ရေနံချောင်းကို ပြောင်းရွှေ့
DVB
·
February 1, 2015
အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် သပိတ်စစ်ကြောင်း ရေနံချောင်းကို ပြောင်းရွှေ့
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ပြီး ဆန္ဒပြချီတက်နေကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် သပိတ်စခန်းပြောင်းရွှေ့ခဲ့ပါတယ်။

မနေ့က မကွေးတိုင်း ဂွေးပင်ရွာအနီး ထန်းခြောက်ပင်ရွာဘုန်းကြီးကျောင်းမှာ ရပ်နားနေတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ဒေသအာဏာပိုင်တွေ ဖိအားပေးတာကြောင့် ဒီနေ့မှာ ကားတွေနဲ့ ရေနံချောင်းမြို့ကို ထွက်ခွာခဲ့ပြီး ရေနံချောင်မြို့က စပယ်ရုံဘုန်းကြီးကျောင်းမှာ စစ်ကြောင်းနားနေတယ်လို့ သပိတ်ကော်မတီပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

10409351_992915604071109_249246704688573427_n“ထန်းခြောက်ပင်ရွာဘုန်းကြီးကျောင်းကို မြို့နယ်သံဃာ့မဟာနာယကက ဖိအားပေးတော့ ကျနော်တို့ ဆက်တည်းလို့ မရတော့ဘူး။ ဘေးအနီးနားကျောင်းတွေ လျှောက်တော့လည်း လက်ခံလို့မရဘူး ဖြစ်နေတယ်။ အဲ့လိုအခြေအနေတွေကြောင့် ရေနံချောင်းကို ကားနဲ့ ရွှေ့လာခဲ့ရတယ်။ ကားနဲ့ရွှေ့လာရတဲ့အကြောင်းကတော့ အစိုးရနဲ့ ကတိပြုထားတာကြောင့်ပဲ။”

အခုတည်းနေတဲ့ ဘုန်းကြီးကျောင်းကို ဒီနေ့ညနေပိုင်းအထိ လာရောက်ဖိအားပေးတာမျိုး မရှိပေမယ့် ရေနံချောင်းမြို့လူထုက ကျောင်းသားစစ်ကြောင်းကို အုန်းအုန်းကျွက်ကျွက်ထွက်ကြိုကြတာကြောင့် မနေ့ကလိုဖိအားပေးတာမျိုး လုပ်ဆောင်လာနိုင်တယ်လို့လည်း ပြောပါတယ်။

သပိတ်မှောက်ကျောင်းသား စစ်ကြောင်းဟာ ရန်ကုန်မှာ ဒီနေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲရှိတာကြောင့် လမ်းလျှောက်ချီတက်တာကို ရပ်နားထားပြီး ရန်ကုန်ဆွေးနွေးပွဲ အဆင်မပြေရင် မနက်ဖြန်မှာ ရည်မျန်းချက်အတိုင်း ဆက်လက်ချီတက်ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013