DVB Logo
Home
မြန်မာသတင်း
သွေးမထွက်သည့် စစ်မြေပြင်ဖြစ်ရေး ဆင်နွှဲနေဟု ဗိုလ်ချုပ်ကြီး မူတူးပြော
DVB
·
February 1, 2015
သွေးမထွက်သည့် စစ်မြေပြင်ဖြစ်ရေး ဆင်နွှဲနေဟု ဗိုလ်ချုပ်ကြီး မူတူးပြော
1 / 5
Donate to DVB

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲကို အခြေခံပြီး သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးမထွက်တဲ့ စစ်မြေပြင်ကို ဆင်နွှဲနေတယ်လို့ ကေအန်ယူ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့က တပ်မဟာ ၇ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးက အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_31795" align="alignright" width="300"]ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး[/caption]

“ပြည်သူတွေဒုက္ခရောက်ကြတယ်၊ ဒုက္ခရောက်တယ်။ ကရင်တွေချည်းပဲ ရောက် တာမဟုတ်ဘူး၊ နှစ်ဖက်စ လုံးရောက်ကြတယ်။ အဲ့တော့ တယောက် နဲ့ တယောက် သတ်နေကြတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးထွက် သံယိုမဟုတ်တဲ့ စစ်မြေပြင်ကို ပြောင်းသွားမယ်။”

တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ပတ် သက်ပြီး နောက်ထပ်နိုင် ငံရေး ဆွေးနွေး ပွဲတွေ ပြန်မစနိုင်သေးတဲ့အတွက် ရည်မှန်းထား တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ရောက်အောင်

အလှမ်း ဝေးနေတယ်လို့ ကေအန်ယူအထွေထွေအတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။
၆၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်ချမ်းရေးကောင်စီ နဲ့ ကျောင်းသားတပ်မတော် (ABSDF) အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှာ ဘားအံခရိုင်စစ်ဦးစီးဌာနချုပ်က ကရင့်အမျိုးသားတပ်မတော် တပ်မဟာ ၇ နဲ့ ပူးပေါင်းပြီး တပ်သား ၁၃၀ ကျော် စစ်ရေးပြ ခဲ့ကြပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ဟာ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဖဆပလအစိုးရက တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီး နှစ်ဖက်အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ကရင်တွေက ဖဆပလ အစိုးရကို စပြီးလက်နက်ကိုင် တော်လှန်တဲ့နေ့ကို ကရင့်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

[gallery ids="79587,79586,79585,79584"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013