DVB Logo
Home
မြန်မာသတင်း
သခင်၏အသက်ကို ကယ်တင်ခဲ့ကြသည့် ခွေးကလေးများ
DVB
·
February 1, 2015
Donate to DVB

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ရှန်းယန်မြို့မှာ ဆီးချိုရောဂါရှင် အမျိုးသားတဦးဟာ သူအလုပ်လုပ်ရာ စက်ရုံဝင်ပေါက်မှာ မေ့လဲနေတုန်း သူမွေးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ခွေးတွေက သူ့အသက်ကို ကယ်ခဲ့ပါတယ်။

ည ၁၀ နာရီလောက်က မေ့လဲခဲ့တာဖြစ်ပြီး အပြင်မှာ အပူချိန်က ရေခဲမှတ်အောက် အနုတ် ၁၀ ဒီဂရီအောက် လျော့နည်းတဲ့အထိ အေးခဲနေခဲ့တာပါ။

မနက် ၆နာရီလောက်မှာ သတိပြန်ရလာတော့ ပထမဆုံးမြင်တာ သူ့ခွေးတွေလို့ လောင်ယန်ကျီးက ပြောပါတယ်။

သူ့ရဲ့လက်တွေကတော့ နှင်းကိုက်မှုကြောင့် မည်းနက်နေပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ လောင်က ပြောပါတယ်။ သူ့ကို ဆေးရုံတင်ပို့ခဲ့ပြီး ဆရာဝန်တွေက ဆေးကုပေးခဲ့ရတာပါ။

ဆိုးရွားပြင်းထန်တဲ့ ဆီးချိုရောဂါရှင်က အေးခဲနေတဲ့ညမှာ အပြင်မှာ မေ့လဲခဲ့ပေမယ့် လက်တွေပဲ နှင်းကိုက်တာ အံ့သြစရာလို့ ဆရာဝန်က ဆိုပါတယ်။

လောင်က သူသတိရလာချိန်မှာ သူ့ခွေးတွေအားလုံးက သူ့ဘေးမှာ ဝိုင်းထားပြီး နွေးအောင် လုပ်ပေးထားခဲ့ကြကြောင်း၊ အဲဒီနေ့က လက်အိတ်ဝတ်မထားမိဘဲ မြေပေါ်မှာ နှင်းတွေ ရှိနေလို့ မြေနဲ့ထိနေတဲ့ လက်အစိတ်အပိုင်းတွေ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဆရာဝန်ကတော့ ညအချိန်မှာ ခွေးတွေက သူနွေးနေအောင် ဝန်းရံထားခဲ့လို့ ခွေးတွေက အသက်ကယ်ခဲ့တာလို့ ပြောပါတယ်။ လောလောဆယ်မှာ လောင်ဟာ ဆေးရုံမှာ ပြန်နာလန်ထူ ကျန်းမာနေပါပြီ။

ဓာတ်ပုံ - ရိုက်တာဗွီဒီယို

[gallery ids="79566,79567,79568,79569,79570,79571"]

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013