DVB Logo
Home
Lead Story
ပြည်သူကို ကိုယ်စားပြုတဲ့သူတွေ လွှတ်တော်ထဲရောက်ဖို့ အရေးကြီးတယ် - ဦးအေးကျော်
DVB
·
January 31, 2015
ပြည်သူကို ကိုယ်စားပြုတဲ့သူတွေ လွှတ်တော်ထဲရောက်ဖို့ အရေးကြီးတယ် - ဦးအေးကျော်
Donate to DVB

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ လွှတ်တော်အရပ်ရပ်သက်တမ်းဟာ ဒီနေ့ဆို ၄ နှစ် သက်တမ်းပြည့်ပြီဖြစ်ပါတယ်။ လွှတ်တော်သက်တမ်း ၄ နှစ်အတွင်း တိုးတက်မှု ရှိမရှိ အခြေအတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြန်မာ့ရှေ့ဆောင်အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဇန်န၀ါရီ ၃၁ ရက်မှာ လွှတ်တော်အရပ်ရပ်သက်တမ်း ၄ နှစ်ပြည်ပါပြီ၊ ၄ နှစ်သက်တမ်းအတွင်း တိုးတက်မှုရှိတာ တွေ့ရလား။

“စပြီးပြောချင်တာက ကျနော်တို့ဆီမှာ လွှတ်တော်ယဉ်ကျေးမှု ပျောက်နေတာ ၁၉၆၂ ခုနှစ်တတည်းကပေါ့နော်။ နှစ်ပေါင်း ၅၀ ကျော်လာပြီ၊ နှစ်ပေါင်း ၅၀ ကျော် ပျောက်ကွယ်နေတဲ့ လွှတ်တော်ယဉ်ကျေးမှု ကျနော်တို့နိုင်ငံမှာ ပြန်ပြီးတော့ ထွန်းကားလာပါတယ်။ လွှတ်တော်ယဉ်ကျေးမှု ပြန်လည်ထွန်းကားလာတာနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပါလာတယ်။ လွှတ်တော်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေလည်း ပါလာတယ်။ လွှတ်တော်က ဥပဒေပြုရမယ်၊ ပြည်သူကို ကိုယ်စားပြုရမယ်၊ နောက် အစိုးရကို ထိန်းညှိပေးရမယ်။ အဲ့ဒီ အဓိက လုပ်ငန်းဆောင်တာတွေ ရှိပါတယ်။

"

[caption id="attachment_79487" align="alignright" width="300"]ဦးအေးကျော် ဦးအေးကျော်[/caption]

နှစ်ပေါင်း ၅၀ ကျော် ပျောက်ကွယ် သွားပြီး ပထမဆုံးထွက်ပေါ်လာတဲ့ လွှတ်တော်ဖြစ်တဲ့အ တွက် စောစောကပြောတဲ့ လွှတ်တော်ရဲ့ အဓိက တာဝန်ကြီး ၃ ခုမှာ ဘယ်အပိုင်းမှာမှ ကျနော်တို့ မျှော်လင့် သလောက် ပြည့်ပြည့် စုံစုံ အောင်အောင်မြင်မြင် မဖြစ်တာ တွေ့ရတယ်ဗျ။ ဥပဒေပြုရေးအပိုင်းမှာ လိုအပ်ချက်တွေ ရှိသလို အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာလည်း ထိရောက်မှု အားနည်းမှု ရှိတာတွေ့ရတယ်။ တဆက်တည်းမှာပဲ ပြည်သူကို ကိုယ်စားပြုမှု အပိုင်းမှာလည်း ပြည့်စုံတဲ့ ကိုယ်စားပြုမှုမျိုး မတွေ့ရဘူး။”

အဲ့ဒီတော့ လွှတ်တော်ရဲ့ အဓိကတာဝန်ကြီး ၃ ရပ်ကို ပြည့်ပြည့်၀၀ အကောင်အထည်မဖော်နိုင်တာ ဘာ့ကြောင့်လို့ သုံးသပ်လို့ရသလဲဗျ။

“စောစောက ကျနော်ပြောခဲ့သလိုပေါ့။ နှစ်ပေါင်း ၅၀ ကျော်ကြာမှ လွှတ်တော်ဆိုတာ ပေးလာတယ်။ ပြည်သူ့ကိုယ်စားလှယ်ဆိုသူ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်ပေါက်လာတယ်။ လွှတ်တော်ကို ထိန်းကျောင်းတဲ့သူတွေ ပေါ်ပေါက်လာတယ်။ အဲ့ဒီသူတွေအားလုံးဟာ ဒီ ယဉ်ကျေးမှုအသစ်မှာ ပထမဆုံး စမ်းတ၀ါးဝါးနဲ့ မြေစမ်းခရမ်းပျိုးရသလိုမျိုးပေါ့။ လွှတ်တော်ဆိုတာ ဒီလိုပါလား၊ လွှတ်တော်ရဲ့ လုပ်နည်းကိုင်နည်းတွေက ဒီလိုပါလား။ သူတို့လည်း မြေစမ်းခရမ်းပျိုး လုပ်ရတဲ့ သဘာဝမျိုးရှိတော့ အစစအရာရာမှာ ချို့ယွင်းချက်တွေရှိတာ မြင်ရတယ်။

"ဥပမာတခုအနေနဲ့ ပြောမယ်ဆိုရင် နိုင်ငံတကာလွှတ်တော်တွေမှာ လွှတ်တော်ပြက္ခဒိန်ရှိတယ်ဗျ။ လွှတ်တော်တွေကို ဘယ်လ ဘယ်နေ့ဘယ်အချိန်မှာ ကျင်းပမယ်၊ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးကြမယ်ဆိုတဲ့ လွှတ်တော်ပြက္ခဒိန်ရှိတယ်။ ကျနော်တို့ဆီက လွှတ်တော်တွေမှာ ဘယ်နေ့ဘယ်ရက် လွှတ်တော်ကျင်းပမယ်ဆိုတဲ့ တိတိကျကျ သတ်မှတ်ထားတဲ့ ပြက္ခဒိန် အခု လွှတ်တော်သက်တမ်း ၄ နှစ်ပြည့်တဲ့ အချိန်အထိ မရှိသေးဘူး။ ဒါမျိုးတွေကအစပေါ့။ ချို့ယွင်းချက်တွေ ရှိနေတာ တွေ့ရတယ်။”

အဲ့ဒီတော့ ဘယ်အချိန်လောက်ရောက်မှ မြန်မာပြည်က လွှတ်တော်တွေ ပြည်သူ့အသံ ထင်ဟပ်နိုင်မယ် ခန့်မှန်းလဲ။

“အဲ့ဒါကို ပွင့်ပွင့်လင်းလင်းပြောရရင် အခုက ပထမအကြိမ် လွှတ်တော်သက်တမ်းပေါ့နော်။ ပထမအကြိမ်လွှတ်တော်သက်တမ်းမှာတော့ မဖြစ်နိုင်တော့ဘူး။ နောက်ထပ်ဖြစ်ပေါ်လာမယ့် ဒုတိယအကြိမ်သက်တမ်းမှာတော့ ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။”

နောက်တပိုင်းက လွှတ်တော်ထဲ အတိုက်အခံရောက်သွားတဲ့ နောက်ပိုင်းရော မထူးဘူးလား။

“၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့ အန်အယ်လ်ဒီ ၀င်ပြိုင် အနိုင်ရပြီး လွှတ်တော်ထဲရောက်တယ်။ အဲ့ဒီ ၂၀၁၂ နောက်ပိုင်းတော့ လွှတ်တော်မှာ အဲ့ဒီမတိုင်မီ ရှေ့ပိုင်းကာလတွေထက် လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ သွက်လာတယ်၊ အသက်ဝင်လာတယ်လို့တော့ တွေ့ရပါတယ်။”

လွှတ်တော်နဲ့ အစိုးရ ဆက်ဆံရေးအပိုင်းလည်း ဆွေးနွေးပေးပါဦး။

“အစိုးရနဲ့ လွှတ်တော်နဲ့ အပြန်အလှန် ထိန်းကျောင်းကြတာပေါ့နော်။ အဲ့ဒီမှာ ပြဿ  နာ ဘာသွားတွေ့ရလဲဆိုတော့ ဖွဲ့စည်းပုံဥပဒေမှာ ပြဿ    နာလေးတွေ ရှိတယ်ဗျ။ အဲ့ဒါလေးတွေကြောင့်ပဲ အစိုးရနဲ့ လွှတ်တော်ကြားမှာ ပြဿ နာလေးတွေ ဖြစ်ပေါ်ခဲ့တာပဲ။ တယောက်က တယောက်အပေါ် လွှမ်းမိုးချင်တယ်။ ဥပမာ လွှတ်တော်လုပ်သမျှကို အစိုးရက အပြည့်အ၀ အကောင်အထည် မဖော်ဘူး။ အစိုးရကိုလည်း လွှတ်တော်က အပြည့်အ၀ထောက်ခံနေတဲ့ပုံ မတွေ့ရဘူး။ အဲ့ဒီပြဿ နာတွေရှိလာတယ်။ အဲ့ဒါကလည်း ဥပဒေ၊ နည်းဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို အားနည်းချက်တွေ ရှိနေတာကြောင့်ဗျ။”

နောက်တခုက လွှတ်တော်ဟာ အာဏာရှင်ဆန်တဲ့ လွှတ်တော် ဖြစ်နေတယ်လို့ ဝေဖန်ချက်တွေ ရှိပါတယ်၊ တကယ် ဖြစ်နေတာ တွေ့ရလား။

“အစိုးရမှာလည်း ဗဟိုချုပ်ကိုင်မှုစနစ်က ရှိနေသေးသလို လွှတ်တော်မှာလည်း ဗဟိုချုပ်ကိုင်မှုစနစ်က ရှိနေသေးတယ်ဗျ။ အဲ့ဒါကြောင့် စောစောကပြောတဲ့ အာဏာရှင်လွှတ်တော်လိုလို အာဏာရှင်ယောင်ယောင်လွှတ်တော်ဆိုတဲ့အသံတွေ ထွက်လာတာဗျ။ ဒီဝေဖန်ချက်တွေ လျော့ကျဖို့ဆိုရင် အစိုးရမှာရော လွှတ်တော်မှာပါ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချပစ်ရလိမ့်မယ်။”

လွှတ်တော်က ကြွေးကြော်ထားတဲ့ ပြည်သူ့အသံ၊ လွှတ်တော်အသံဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲ၊ ချုပ်ပြီး ဆွေးနွေးပေးပါ။

“ပြည်သူ့အသံ လွှတ်တော်အသံဖြစ်ဖို့ဆိုရင် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုတဲ့သူတွေ လွှတ်တော်ထဲရောက်ဖို့က အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013