DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားပါတီက ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုးပမ်းမည်
DVB
·
January 31, 2015
မွန်အမျိုးသားပါတီက ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုးပမ်းမည်
Donate to DVB

ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို ရှေးရှု ဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံက ဆုံးဖြတ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲဝင် မွန်ဒီမိုကရေစီပါတီနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကအဖွဲ့ဝင်တချို့ ပူးပေါင်းထူထောင်ခဲ့တဲ့  ပါတီသစ်ရဲ့ ပထမဆုံးအကြိမ် ညီလာခံ မှာ ဆုံးဖြတ်ကြတာဖြစ်ပါတယ်။

10404202_409743035868283_5709641149113375725_nပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက မော်လမြိုင်မြို့ မွန်ဒီမိုကရေစီပါတီရုံးချုပ်မှာ ကျင်းပတဲ့ ညီလာခံဆုံဖြတ်ချက်နဲ့ပတ်သက်လို့ “၂ ရက်လုံးလုံး  ခေတ်နဲ့လျော်ညီတဲ့ မူဝါဒကိုချမှတ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတယ်။ မူဝါဒမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်လာဖို့၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံတဲ့ ခိုင်မာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်မြဲဖို့၊ ပြည်ထောင်စုတရပ်လုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ရရှိဖို့  စတဲ့အချက်တွေလည်း ပါပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာငြိမ်းချမ်းရေးဆောင်ရွက်မှုတွေမှာပါ ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ညီလာခံမှာ မြို့နယ်အသီးသီးက ကိုယ်စားလှယ် ၃၀၀ နီးပါးနဲ့အတူ စည်းလုံး ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့၊ မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့၊ မွန်သံဃာတော်တွေ တက်ရောက်ခဲ့ပါတယ်။

ညီလာခံမှာ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ဆိုး ဘယ်ခါမှမပေါ်ပေါက်အောင် ကြိုးပမ်းဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေး၊ သဘာ၀၀န်းကျင်ထိန်းသိမ်းရေးစတဲ့ ကဏ္ဍကြီးတွေ ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ဆောင်တဲ့အခါ တိုင်းရင်းသားစည်းလုံးညွတ်မှု သဘောဆန္ဒနဲ့ အညီလုပ်ဆောင်ကြဖို့ ဆိုတဲ့  မူဝါဒတွေ ချမှတ်ကြပါတယ်။

ပါတီညီလာခံနောက်ဆုံးနေ့မှာ ပါတီကို ဦးဆောင်မယ့် အမှုဆောင်တွေကို  ဆန္ဒမဲပေးတဲ့ စနစ်နဲ့ ရွေးချယ်နေကြပါတယ်။

ပါတီဦးဆောင်သူတွေကို ရွေးချယ်ရာမှာ ဗဟိုအဆင့်ကနေ အောက်ခြေကို ရွေးချယ်တာဝန်ပေးတာမဟုတ်ဘဲ  ကျေးရွာအဆင့်၊ မြို့နယ်အဆင့် စသဖြင့်  ပြည်သူတွေက ရွေးချယ်တဲ့ ဒီမိုကရေစီစနစ်နဲ့ မြို့နယ်ပေါင်း ၂၀ မှာ အရင် ဆောင်ရွက်ပြီးမှ ညီလာခံကို ကျင်းပတာလို့ ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

ညီလာခံကို ဇန်န၀ါရီလ ၂၈ ကနေ ၃၀ အထိ ၃ ရက်တာ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် အလုပ်မပြီးပြတ်ရင် နောက်ထပ်ရက်တိုးဖွယ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013