DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၄၃၆ ပြင်ရေး ကြိုးပမ်းသူများ အပြစ်မရှိဟု တရားရုံးဆုံးဖြတ်
DVB
·
January 30, 2015
ပုဒ်မ ၄၃၆ ပြင်ရေး ကြိုးပမ်းသူများ အပြစ်မရှိဟု တရားရုံးဆုံးဖြတ်
1 / 2
Donate to DVB

မကွေးတိုင်း မကွေးမြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဦးစီးသူတွေအပေါ် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတဲ့အမှုကို မြို့နယ်တရားရုံးက အပြစ်မရှိကြောင်း မနေ့က ဆုံးဖြတ်ပါတယ်။

မကွေးမြို့မှာ မနှစ် ၆ လပိုင်း ၁၉ ရက်နေ့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ဦးဆောင်သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဂေါပကဥက္ကဋ္ဌတို့ထံက ပွဲကျင်းပမယ့်နေရာ အတွက် ခွင့်ပြုချက်ရယူ ကျင်းပခဲ့ကြပါတယ်။

[caption id="attachment_79338" align="aligncenter" width="551"]ဦးနေမျိုးကျော် ဦးနေမျိုးကျော်[/caption]

ပွဲအပြီး ၁ လကျော်အကြာ စက်တင်ဘာလလယ်မှာ မကွေးတိုင်းသာသနာရေး ဦးစီးမှူး ဦးသောင်းရွှေက ဒီပွဲဖြစ်မြောက်အောင် ပူးပေါင်းလုပ်ဆောင်ကြတဲ့ မကွေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးနေမျိုးကျော်၊ ဦးသန်းအောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊ ဦးရဲတင့် ဦးစိုးမိုးတို့ဖြစ်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း မကွေးမြို့က ဦးလှဆန်း၊ ဦးမောင်မောင်စိုး၊ ဦးသန်းထွန်းအောင်၊ ဦးညိုအေးနဲ့ ဦးထွန်းဦးခိုင်တို့ ၁၁ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတဲ့အမှု ဖြစ်ပါတယ်။

nay myo kyawအမှုရင်ဆိုင်ခဲ့တဲ့ မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က “ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) နဲ့ စွဲဆိုထားတဲ့အမှုက လုံးဝလွှတ်လိုက်တယ်။ လုံးဝအပြစ်မရှိကြောင်း မကွေးမြို့နယ်တရားရုံးက ဆုံးဖြတ်ပြီး ကျနော်တို့ ၁၁ ဦးလုံးကို” လို့ ပြောပါတယ်။

တရားရုံးက ဆုံးဖြတ်ပြီးပြီးချင်းမှာပဲ မကွေးမြို့နယ်ရဲက ဦးနေမျိုးကျော် တဦးတည်းကို ဆင့်ခေါ်ပြီး ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့်ဥပဒေနဲ့ ထပ်မံစွဲဆိုဖို့ စစ်ချက်ယူပါတယ်။

ဦးနေမျိုးကျော်က “ကျနော်တဦးတည်းကိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အေးစေတီဘုရားဝင်းပွဲဟာ ခွင့်ပြုမိန့်မရှိဘဲ ပြုလုပ်ခဲ့တဲ့အတွက် ကျနော့်ကို ပုဒ်မ ၁၈ နဲ့ အရေးယူနိုင်ဖို့အတွက် မနေ့က အမှုဖွင့်ပြီးတော့မှ ကျနော့်ကို စတင်ပြီးတော့ မကွေးမြို့ မရဲစခန်းမှာ စစ်ဆေးမှု စခံရတယ်။ သူတို့ ဥပဒေအကြံပေးဆီတင်ပြီး မကြာခင်မှာ ကျနော့်ကို တရားစွဲဖို့ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။

ပွဲဖြစ်မြောက်ရေး ဦးစီးလုပ်ဆောင်သူတွေက မကျင်းပခင်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ရဲတပ်ဖွဲ့ထံ တင်ပြပေမယ့် မြို့နယ်အဆင့်ကနေ တိုင်းအဆင့်ထိပါ အဆင့်ဆင့်ငြင်းပယ်ခံရပြီးနောက် မူလအစီအစဉ်အတိုင်းပဲ ကျင်းပခဲ့ကြပါတယ်။

ပွဲအပြီး ရက်ပိုင်းအကြာတုန်းကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးနေမျိုးကျော်ကို ခွင့်ပြုချက်မယူဘဲ အသံချဲ့စက်ဖွင့်မှုနဲ့ တရားစွဲလို့ ၃ လကြာ အမှုရင်ဆိုင်ရပြီးနောက် ဒဏ်ငွေ ကျပ် ၃၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

ထပ်မံတရားစွဲခံရမယ့်အပေါ် ဦးနေမျိုးကျော်က “၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဟောပြောပွဲ ကျင်းပခဲ့မှုနဲ့ပတ်သက်လို့ ကိစ္စတခုတည်းကို ပြစ်မှု ၃မှုနဲ့ စွဲဆိုတာဟာ မတရားဘူးလို့ ပြောချင်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ အစိုးရဆိုတာ နိုင်ငံရေးလွတ်လပ်ခွင့်ကို တန်ဖိုးထားရပါမယ်။ နိုင်ငံရေးလွတ်လပ်ခွင့်ကို လုံခြုံရေးအမြင်နဲ့

ပိတ်ဆို့တားဆီးမှုတွေ လုပ်နိုင်ဖို့ တီထွင်ရေးဆွဲခဲ့တဲ့ ငြိမ်းစုစီဟာ လွတ်လပ်ခွင့်တွေကို အာမခံမယ့် ဒီမိုကရေစီကို ဖျက်မယ့်အဖျက်ပိုးပါပဲ” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ခက်ခက်ခဲခဲ ဖြတ်ကျော်ရဖို့ စီစဉ်ထားတဲ့ ပုဒ်မဖြစ်ပြီး ဒီပုဒ်မ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲပြီး နိုင်ငံတ၀န်းမှာ ဟောပြောစည်းရုံးခဲ့သလို ကောက်ခံရရှိတဲ့ လက်မှတ် ၅ သန်းကျော်ကို ပြည်ထောင်စုလွှတ်တော်ဆီ ပေးပို့ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013