DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုးရနှင့်အလှူရှင်များ အိပ်ရင်းလက်တွဲလမ်းလျှောက်နေဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်
DVB
·
January 29, 2015
မြန်မာအစိုးရနှင့်အလှူရှင်များ အိပ်ရင်းလက်တွဲလမ်းလျှောက်နေဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်
Donate to DVB

မြန်မာနိုင်ငံမှာ ပြုပြုင်ပြောင်းလဲရေး ဖြစ်စဉ်တွေ စတင်ခဲ့တဲ့ ၃ နှစ်အတွင်း ၂၀၁၄ ခုနှစ်မှာ  လူ့အခွင့်အရေးအခြေအနေဟာ လျော့ပါးကျဆင်းခဲ့ပြီး တိုးတက်မှုတွေ နောက်ပြန်လှည့် နေတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

၂၀၁၅ ကမ္ဘာ့လုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာမှာ အခုလိုဖော်ပြထားတာဖြစ်ပြီး နိုင်ငံတကာအလှူရှင်တွေနဲ့ သြဇာညောင်းတဲ့ အစိုးရတွေက မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ စစ်တပ်နဲ့ အစိုးရကို အနည်းငယ်ပဲ ဖိအားပေးနိုင်တယ်လို့လည်း ထောက်ပြဝေဖန်လိုက်ပါတယ်။

[caption id="attachment_79240" align="aligncenter" width="498"]အစီရင်ခံ မျက်နှာဖုံး အစီရင်ခံ မျက်နှာဖုံး[/caption]

HRW အာရှ ညွှန်ကြားရေးမှူး တိုနီအဒမ်က  “မြန်မာအစိုးရနဲ့ အလှူရှင်တွေဟာ အိပ်ပျော်လျက် လက်ချင်းချိတ်လမ်းလျှောက်ရင်း ၂၀၁၅ မှာ ရွေးကောက်ပွဲ ကပ်ဘေးဒုက္ခဆီကို ဦးတည်နေတယ်” လို့ ပြောပါတယ်။

အခြေခံ ဥပဒေကိုပြင်ဆင်တာ မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ရွေးကောက်ပွဲအပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ အစိုးရတက်လာမှ အလှူရှင်တွေ လန့်နိုးလာမှာ ဖြစ်သလို စစ်မှန်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အခုဖိအားပေးဖို့လိုတယ်လို့လည်း  ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေပေမယ့် ခန့်မှန်းခြေ ၂၇ ဦး ကနေ ၇၂ ဦး အကျဉ်းကျနေဆဲ ဖြစ်သလို အထူးသဖြင့် မြေယာသိမ်းလို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးတာကလည်း ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ တခြားဘာသာတွေထက် ဗုဒ္ဓဘာသာကို အထောက်အကူပြုတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊  လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတို့ကို မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပြုထားတဲ့ ဒီဥပဒေကို ဝေဖန်တဲ့သူတွေကို ခြိမ်းခြောက်ဖို့ အစွန်းရောက် သံဃာအဖွဲ့ကို ဖန်တီးခဲ့တယ်လို့လည်း ရေးပါတယ်။

စစ်တပ်ကချုပ်ကိုင်ထားတဲ့ အစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေကို ဖိနှိပ်ခဲ့သလို မီဒီယာ လွတ်လပ်ခွင့်ကို ပြည်ဖုံးကားချပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အရေးပါတဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ပိတ်ပင်ခဲ့တယ်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စာမျက်နှာ ၆၅၆ မျက်နှာပါတဲ့ ဒီအစီရင်ခံစာဟာ နိုင်ငံပေါင်း ၉၀က လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ် ရေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013