DVB Logo
Home
မြန်မာသတင်း
ဟိုမိန်းတောင်ပေါ် ယာဉ်တိမ်းမှောက်မှု ယာဉ်မောင်းသံဃာ ပျံလွန်တော်မူ
DVB
·
January 29, 2015
ဟိုမိန်းတောင်ပေါ် ယာဉ်တိမ်းမှောက်မှု ယာဉ်မောင်းသံဃာ ပျံလွန်တော်မူ
1 / 3
Donate to DVB

မြန်မာနိုင်ငံအရှေ့ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ် တောင်ပေါ်လမ်းမှာ မော်တော်ယာဉ်တစီး တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသံဃာ ပျံလွန်တော်မူပြီး လိုက်ပါလာတဲ့ သံဃာ ၂ ပါးနဲ့ ဒကာမ ၂ ဦး ဒဏ်ရရခဲ့ပါတယ်။

10350510_763972120354525_6431266190569989190_n copy 10440268_763972140354523_6443912961091114492_n copyဒီမော်တော်ယာဉ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရို်င် ဆာလဲ ကျောင်းတိုက်က ဆရာတော် စ၀်တာဆိုင်ရဲ့ အန္တိမဈာပနအခမ်းအနားကို ကြွရောက်တာဖြစ်ပြီး မနေ့က အပြန်ခရီး ဟိုမိုင်းမြို့နယ် ၀မ့်ယုပ်ယပ်း ရွာအနီး တောင်ပေါ်မှာ မနေ့က မတော်တဆ တိမ်းမှောက်ခဲ့တာပါ။

ပျံလွန်တော်မူတဲ့ ဆရာတော်ဟာ  ကွန်ဟိန်းမြို့ သုခိဒါရုဏ်ကန်ဦးကျောင်းက သက်တော် ၆၀ ကျော်ရှိ  အရှင်သုဇာတ ဖြစ်ပြီး ဒဏ်ရာရ သံဃာ ၂ ပါးက ကွန်ဟိန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ အောင်မင်္ဂလာကျောင်းတိုက်မှ ဆရာတော် ဦးဝိဇ္ဇာနန္ဒ နဲ့ ကာလိမြို့နယ်ခွဲ  နောင်ငင်းကျောင်းတိုက် ဆရာတော် ဦးနာဂသေန တို့ဖြစ်ပါတယ်။ ကျန် ဒဏ်ရာရ ဒကာမ ၂ ဦးကတော့ ကွန်ဟိန်းမြို့ခံတွေဖြစ်ပါတယ်။

ဒဏ်ရာလူနာတွေကို မယ်ဟောင်ဆောင်ဆေးရုံမှာ တင်ထားတယ်လို့ ဆေးရုံမှာ လူနာသွားကြည့်တဲ့ မယ်ဟောင်ဆောင်ခရိုင် ၀ပ်ဆီမိုင်းမောက်ကျောင်းတိုက်က ဆရာတော် ကျစ်ဆုဝမ်းက မိန့်ပါတယ်။

“သံလွင်မြစ်ဒီဘက်ကမ်း မရောက်ခင်  တောင်ပေါ်လမ်းမှာ  ရှေ့ကကားတစီးကို ကွေ့ရှောင်ရင်း ဘရိတ်ပေါက်ပြီး ချောက်ထဲကို လိမ့်ဆင်းသွားတာတဲ့။ ကားမောင်းတဲ့ ဆရာတော်က အဲဒီမှာပဲ ပျံလွန်တော်မူပြီး တခြား သံဃာ ၂ ပါးနဲ့ ဒကာ ၂ ဦးက ဒဏ်ရာတွေနဲ့ တောင်ပေါ်ကို ပြန်တက်လာတယ်။ လမ်းမှာသွားနေတဲ့ တခြားကားတွေက  မယ်ဟောင်ဆောင်ဆေးရုံမှာ လာတင်ထားတယ်။ ဦးဇင်းတို့သွားကြည့်တာ တပါးက ခြေတောက် အရိုးအက်တယ်၊ တပါးက နံရိုးနဲ့ တကိုယ်လုံးကိုက်ခဲနာကျင်နေတယ်။ ကျန်တဲ့ ဒကာမ ၂ ဦးတော့ သွားမကြည့်ရသေးဘူး။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့  ဆေးရုံကပြောတယ်။”

ပျံလွန်တော်မူတဲ့ အရှင်သုဇာတရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကိုတော့ ဒကာတွေက ကွန်ဟိန်းမြို့ကို ပင့်ဆောင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013