DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ပြင်သစ်က မော်ရိုကိုအသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်တက် 
DVB
·
July 10, 2026
ပြင်သစ်က မော်ရိုကိုအသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်တက် 
1 / 11
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းက မော်ရိုကိုအသင်းကို  (၂-၀) ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန် အားကစားကွင်းမှာ ဒေသအချိန် ဇူလိုင် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ အသင်းခေါင်းဆောင် အမ်ဘာပေနဲ့ ဒမ်ဘီလီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ပြင်သစ်အသင်းရတဲ့ ပင်နယ်တီကို ကန်သွင်းဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အမ်ဘာပေက ကန်သွင်းခဲ့ရာမှာ မောရိုကို ဂိုးသမား ဘိုနူး ကာကွယ်နိုင်ခဲ့လို့ ပြင်သစ်တို့ အဖွင့်ဂိုးမရဘဲ ပထမပိုင်းမှာသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေက  အရှိန်အဟုန်ပြင်းပြင်းနဲ့ မော်ရိုကို ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့လို့ ပြင်သစ်အသင်း ဦးဆောင် အဖွင့်ဂိုးရသွားပါတယ်။

နောက်ထပ် ၆ မိနစ်အကြာ ပွဲချိန် ၆၆ မိနစ်မှာတော့ အမ်ဘာပေ ပို့ပေးတဲ့ဘောလုံးကနေတဆင့် ဒမ်ဘီလီက ပြင်သစ်အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူပေးခဲ့ပြီးနောက် နှစ်သင်းစလုံး ပွဲပြီးတဲ့အထိ ဂိုးထပ်မသွင်းနိုင်ကြတော့လို့ ပြင်သစ်အသင်း အနိုင်ရသွားပါတယ်။

ဒဏ်ရာရနေတဲ့ ကစားသမား ဆိုက်ဘာရီ မပါဝင်နိုင်တဲ့ မော်ရိုကိုအသင်းကတော့ တိုက်စစ်ပိုင်း အားနည်းခဲ့ပြီး ဂိုးပေါက်ကန်သွင်းချက်၊ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ နည်းပါးခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ကမ္ဘာ့ဖလားပွဲပေါင်း ၂၀ မှာ သွင်းဂိုးစုစုပေါင်း ၂၀ သွင်းယူထားကာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတင် သွင်းဂိုး စုစုပေါင်း ၈ ဂိုးနဲ့ မက်ဆီနဲ့ သွင်းဂိုးအရေအတွက် အတူတူရှိနေပြီး ရွှေဖိနပ်ဆုရဖို့ အပြိုင်ဖြစ်နေပါတယ်။ 

ဒီနိုင်ပွဲဟာ ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

မော်ရိုကိုအသင်းကတော့  ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းကလည်း ပြင်သစ်အသင်းကို ဆီမီးဖိုင်နယ်မှာလည်း (၂-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ 

ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ စပိန် ဒါမှမဟုတ် ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013