DVB Logo
Home
မြန်မာသတင်း
လက်ဝါးကားတိုင်ဖယ်ရှားခိုင်းမှု ချင်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်
DVB
·
January 29, 2015
လက်ဝါးကားတိုင်ဖယ်ရှားခိုင်းမှု ချင်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်
1 / 2
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့က ခရစ်ယာန်လက်ဝါးကားတိုင်ကိုဖယ်ရှားဖို့ ပြည်နယ်အစိုးရက ထုတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းဖို့နဲ့ လက်ဝါးကားတိုင်စိုက်ထူသူ ချင်းအမျိုးသားဦးတီာလ်ကျဲမ်း အပေါ် တရားစွဲထားမှု ရုပ်သိမ်းဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုက်တွန်း လိုက်ပါတယ်။

unnamedဟားခါးမြို့ ကျာရ်တလန်တောင် ကုန်းက အမြင့်ပေ ၅၄ ပေရှိတဲ့ လက်ဝါးကားတိုင်ကို ခွင့်ပြုချက်မပါပဲ ဆောက် ခဲ့တယ်ဆိုပြီး ဇန်န၀ါရီ ၃၀ ရက်နေ့မှာ အပြီးပြောင်းရွှေ့ဖို့ ချင်းပြည်နယ် အစိုးရက အမိန့်ထုတ်ထားတာပါ။

ခရစ်ယာန်ဘာသာ ၀င်တွေရဲ့ အထွတ်အမြတ်ထားရာ လက်ဝါးကားတိုင်ကို ဖျက်ခိုင်းတာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချိုးဖောက်ရာ ရောက် တယ်လို့ ထိုင်းအခြေစိုက် ချင်းလူ့အခွင့်အရေး အဖွဲ့ပြောခွင့်ရ မမိုင်မွန်လေး က ပြောပါတယ်။

“ကျမတို့အနေနဲ့ ကိုယ့်ပြည်နယ်မှာ ကိုယ့်ရဲ့ဘာသာရေးအထိမ်းအမှတ်လေးကို စိုက်ထူပြီးတော့ ကိုးကွယ်ခွင့်ကတော့ အခြေခံ ဘာသာရေးလွတ်လပ်ခွင့်တခုအနေနဲ့ ကျမတို့ မြင်ထားတာဖြစ်တယ်။ အခုလို ဖြိုဖျက် ရွှေ့ခိုင်းတဲ့အပေါ်မှာ အတော်လေး မတရားဘူးလို့ ခံစားရတယ်။ ပြီးတော့ ဒီမိုကရေစီအသွင်ကို ကူးပြောင်းနေတဲ့ အချိန်မှာမှ ဒီလိုမျိုးထပ်လုပ်တယ်ဆိုတာက တိုးတက် ပြောင်းလဲမှု မရှိဘူး၊ ဘာသာရေး လွတ်လပ်ခွင့် မရှိဘူးဆိုတာကို ဖော်ပြရာရောက်တယ်။”

အဆိုပါ လက်ဝါးကားတိုင်ကို ၂၀၁၄ ဧပြီလ ၂၉ ရက်နေ့မှာ ဟားခါးမြို့နယ်နဲ့ ခရိုင်တာဝန်ရှိသူရဲ့ ခွင့်ပြုချက်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပေမယ့် ၂၀၁၄ အောက်တိုဘာလမှာ အဲဒီခွင့်ပြုမိန့်ကို ပယ်ဖျက်ခဲ့တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီလက်ဝါးကားတိုင် စိုက်ထူရာတွင် ပါဝင်ခဲ့တဲ့ ချင်းအမျိုးသားကြီး  ဦးတီာလ်ကျဲမ်းကိုလည်း အစိုးရက သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရ တရားဝင်ခွင့်ပြုချက်မရှိဘဲ ထင်းရှူးပင်ခုတ်လှဲမှုနဲ့ တရားစွဲဆိုပြီး  ဟားခါးမြို့နယ် တရားရုံးမှာ ၇ ကြိမ်တိုင် ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ခရစ်ယာန်တွေအပေါ် ဘာသာရေးဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာတော့ ချင်းပြည်နယ်တစ်ခွင် ဖျက်ဆီးခံခဲ့ရတဲ့ လက်ဝါး ကားတိုင်ပေါင်း ၁၃ ခုရှိပြီး ဒီအထဲက ၄ ခုက လက်ရှိအစိုးရ လက်ထက်မှာ ဖျက်ဆီးခံခဲ့ရတာလို့  ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟားခါးမြို့ခံတွေက လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဆန္ဒထုတ်ဖော်ဖို့ အစီအစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013