DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်အရေး သဘောတူညီချက်ယူရန် ယူအန်အက်ဖ်စီ တိုက်တွန်း
DVB
·
January 29, 2015
ဖက်ဒရယ်အရေး သဘောတူညီချက်ယူရန် ယူအန်အက်ဖ်စီ တိုက်တွန်း
1 / 6
Donate to DVB

ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက်ရယူဖို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က သမ္မတကို အဆိုပြုတိုက်တွန်းလိုက်ပါတယ်။

အစိုးရထံက နိုင်ငံရေးကတိက၀တ်ရလိုတဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်က စာရေး တိုက်တွန်းခဲ့တာလို့ ယူအန်အက်ဖ်စီ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်ထောင်စုနေ့မှာ သဘောတူည်ီချက်လေးတခုခုရဖို့ အဆိုပြုထားတာဖြစ်ပါတယ်။ သဘောတူညီချက်ဖြစ်ချင်လည်းဖြစ်မယ်၊ ကြေညာချက် ဖြစ်ချင်လည်းဖြစ်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အတူတကွ သဘောတူကြတာပေါ့။ သမ္မတကြီး ကတော့ သူ့ရဲ့မိန့်ခွန်းမှာထည့်ပြောတယ်လေ။ သို့သော် စာနဲ့ရေးထားတဲ့မှတ်တမ်းလေးရမလားပေါ့၊ အဲဒါကို ကျနော်တို့က သမ္မတကြီးကို မေတ္တာရပ်ခံ အဆိုပြုတဲ့သဘောပါ။”

သမ္မတဘက်ကလည်း စိတ်ဝင်တစားနဲ့ ဒီကိစ္စညှိနှိုင်းဖို့ အကြောင်းပြန်ထားတယ်လို့ ယူအန်အက်ဖ်စီ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကလည်း “အဲဒီစာကို ၀န်ကြီး ဦးအောင်မင်းက တဆင့် သမ္မတ ထံ ပေးပို့ထားတယ်လို့ သိရတယ်။ ၀န်ကြီး ဦးအောင်မင်းအနေနဲ့ လည်း အဲဒီစာကို လက်ခံရရှိကြောင်းနဲ့ သမ္မတကို သတင်းပို့ပြီး အထူးအချက် အလက်တွေကို ပြန်ကြားပြီးပြီလို့ သိရတယ်” လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကလာမယ့် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးဖို့ ဇန်န၀ါရီ၅ရက်နေ့က နေပြည်တော်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ကမ်းလှမ်းထားခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ လက်တလော ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတာနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ ပြင်ဆင်ညှိနှိုင်း မှုတွေလုပ်ဖို့ ဆက်လက် ဆွေးနွေးစရာတွေ ရှိနေသေးတဲ့အတွက် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့မှာ အချိန်မီလက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောကြားထားပါတယ်။

ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်ရ သွားရင်တော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အထောက်အကူဖြစ်နိုင်မယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်က ထိုးလို့မရသေးဘူး အချိန်မမီဘူး။ သို့သော်လည်းပဲ နိုင်ငံရေးအာမခံချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုတော့ သဘောတူထားရင်၊ ကတိက၀တ်ထားရင်တော့ ကောင်းတယ်ပေါ့ဗျာ။ နိုင်ငံရေးအာမခံချက်တခုအနေနဲ့ ကတိက၀တ် လေးရထားရင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်က လက်မှတ်ထိုးရ လွယ်သွားမယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ ဖက်ဒရယ်စနစ်အခြေခံတဲ့ပြည်ထောင်စုတည်ထောင်ဖို့ တိုင်းပြည်ကိုပြောကြားတဲ့မိန့်ခွန်းတွေမှာထည့်သွင်းပြောကြားလေ့ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ မိန့်ခွန်းမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူညီချက်ကို ခိုင်ခိုင်မာမာ ရရှိထားပြီးဖြစ်တယ်လို့ ပြောကြားထားပါတယ်။

(သမ္မတကြီး၊ ကာချုပ်နှင့် ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင်များ ဇန်န၀ါရီလ ၅ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်၊ ဓာတ်ပုံ - Hmuu Zaw)
[gallery ids="79186,79187,79188,79189,79190"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013