
ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ဆိုင်ရာ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံ ထားရတဲ့ ဂျပန်သတင်းထောက်တယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရုရှားပြည်ထောင်စု လုံခြုံရေးဝန်ဆောင်မှုဌာန (FSB) က ပြောခဲ့တယ်လို့ သတင်းဌာနတွေက အောက်တိုဘာ ၁၃ ရက် မှာ ဖော်ပြပါတယ်။
ဟော့ခိုင်းဒိုးရှင်းဘွန်းသတင်းစာဌာနမှာ လုပ်ကိုင်နေတဲ့ သတင်းထောက်ကို ရုရှားနိုင်ငံကနေ မထွက်ခွာမီ ဆာခါလင်ဒေသမှာ ထိန်းသိမ်းခဲ့ပြီးတဲ့နောက် မော်စကိုမြို့တော်ကို ခေါ်လာပြီး တရားဝင် ဖမ်းဆီးခဲ့တယ်လို့ FSB ကို ကိုးကားပြီး Interfax သတင်းဌာနက ဖော်ပြပါတယ်။
ဖမ်းဆီးထိန်းသိမ်းမှုဖြစ်စဉ်ကို ပြထားတယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းကို RU24 ရုပ်သံလိုင်းမှာ ပြသခဲ့ပါတယ်။
Source: Reuters











