DVB Logo
Home
Lead Story
ဘယ်လိုကိစ္စမျိုးမဆို တွေ့ဆုံဆွေးနွေးလို့ရှိရင် အဖြေကထွက်ပါတယ်- မဖြိုးဖြိုးအောင်
DVB
·
January 28, 2015
ဘယ်လိုကိစ္စမျိုးမဆို တွေ့ဆုံဆွေးနွေးလို့ရှိရင် အဖြေကထွက်ပါတယ်- မဖြိုးဖြိုးအောင်
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ဒီကနေ့ နေပြည်တော်ဆွေးနွေးပွဲမှာ သဘော တူညီကြပါတယ်။

ဒီဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးသူ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို ဆက်သွယ်မေးမြန်းထာပါတယ်။

ဆွေးနွေးပွဲရလဒ်တွေတော့ သိပါပြီ၊ ဒီနေ့ ဆွေးနွေးပွဲမှာ ဘာတွေတင်ပြခဲ့သလဲ ဘာအလားအလာတွေ မြင်ရလဲ။  

10941854_634824946646571_2749243814233736036_n“ကျမတို့အနေနဲ့ကတော့ ဒါက ကျမတို့ အစောကြီးကတည်းက တောင်းဆိုတယ် ဘယ်လိုကိစ္စမျိုးမဆို တွေ့ဆုံဆွေးနွေးလို့ရှိရင် အဖြေကထွက်ပါတယ်။  အဓိကက ကျမတို့ တွေ့ဆုံဆွေးနွေးခွင့်မရလို့ ဒီနေ့လို အခြေအနေမျိုးဖြစ်လာရတာပါ။ ရှေ့မှာဆိုရင်လည်း ကျမတို့ အတန်တန်ကြိုးစားတယ်။ ဒီဥပဒေမဖြစ်မြောက်ခင်ကတည်းက ကျမတို့လိုချင်တာတွေကို ထည့်သွင်းစဉ်းစားဆွေးနွေးဖို့ တောက်လျှောက်ညှိနှိုင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့ အမြဲတမ်း မအောင်မြင်ခဲ့ဘူး။ ကျမတို့ရဲ့အသံတွေကို လျစ်လျူရှုခံခဲ့ရတယ်။ အဲဒီအခါကျတော့ ကျမတို့ ဒီလိုမျိုး သပိတ်မှောက်ရတဲ့ လှုပ်ရှားမှုကြီးပေါ်ပေါက်လာခဲ့ရတာပေါ့။ ဒါက ရှေ့မှာ ကျမတို့အသံတွေကို နားမထောင်ခဲ့တဲ့အတွက် ဖြစ်လာရတဲ့ကိစ္စ။ ကျမတို့ကို လျစ်လျူရှုခဲ့တဲ့အတွက် ဖြစ်လာရတဲ့ကိစ္စ။ အဲတော့ အခုအချိန်မှာတော့ ဒီလိုမျိုးလှုပ်ရှားမှုကြီးတွေကြောင့်ပေါ့နော် လက်ရှိအချိနှ်မှာ ကျမတို့ရဲ့သပိတ် လှုပ်ရှားမှုကြီးတွေကြောင့် လက်ရှိအခြေအနေမှာ ကျမတို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ အဓိကက ဒီ ပညာရေးဥပဒေမှာ အဓိက ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ကျောင်းသားတွေအသံကို ထည့်သွင်းစဉ်းစားဖို့ဖြစ်လာပြီ။ အဲဒီတော့ ကျောင်းသားတွေက ပညာရေးဥပဒေပြင်ဆင်ရေးအပိုင်းမှာလည်း ကျမတို့က အခန်းကဏ္ဍတခုအနေနဲ့ ၀င်ရောက်ဆွေးနွေးပြီးတော့ ကျမတို့ ပြင်ဆင်ချင်တာတွေကို ပြင်ဆင်ဖို့ ညှိနှိုင်းဖို့ အနေအထားရပြီ။ အဲဒီတော့ အဲလိုအနေအထားမျိုးမှာ ကျမတို့အနေနဲ့ ဒီလို ဆွေးနွေးမှုမျိုးက ကျမတို့အောင်မြင်တယ်။ ရလဒ်တခုကို ရတယ်လို့ ကျမတို့ ယူဆပါတယ်ရှင့်။”

ဆွေးနွေးပွဲရလဒ်ရပြီဆိုတော့ ချီတက်နေဆဲ သပိတ်စစ်ကြောင်းတွေအတွက် ဘယ်လိုမျိုးစီမံခန့်ခွဲထားလဲ။

“ကျမတို့အနေနဲ့ကတော့ ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပဲပေါ့နော် နောက်ဆုံးအချက်မှာပါတဲ့ ဆွေးနွေးပွဲစမယ်ဆိုရင် ဆွေးနွေးပွဲစတဲ့နေ့မှာ သပိတ်စစ်ကြောင်းတွေကို တရားဝင် သပိတ်ကို တရားဝင်ရပ်နားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲစတဲ့ ဖေဖော်ဝါရိ ၁ ရက်နေ့မှာပဲ သပိတ်ကို တရားဝင်ရပ်နားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျမတို့ရဲ့ အချို့သောအခက်အခဲတွေအရ တချို့နေရာတွေမှာတော့ ကျောင်းသားတွေ ရှိကောင်းရှိနေဦးမှာပါ။”

ဒီကနေ့ဆွေးနွေးပွဲမှာ ဘာအားရကျေနပ်မှုအကောင်းဆုံးကို တွေ့ရှိခဲ့ရလဲ။ ဘာတွေ တင်ပြနိုင်ခဲ့လဲ။

“အဓိက ကျမတို့လိုချင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးပေါ့။ အဓိက ကျမတို့ကိုပြဋ္ဌာန်းမယ့် ပညာရေးဥပဒေကို ဆွဲတဲ့နေရာမှာ၊ ပြင်ဆင်တဲ့နေရာမှာ ကျမတို့ ကျောင်းသားတွေရဲ့အသံ ကျယ်ကျယ်လောင်လောင်ပါလာတာပေါ့နော်။ အဲဒါကို နားလည်လက်ခံဖို့၊ ပြင်ဆင်ဖို့သဘောတူညီချက်ရတာက ကျမတို့အတွက် ဒါက ကျမတို့တောင်းဆိုတဲ့အချက်တွေ အများစု။ နောက် ကျမတို့တောင်းဆိုတဲ့ အချက် ၁၁ ချက်ပေါ်မှာလည်း မူအားဖြင့်သဘောတူတယ်၊ ဆက်ပြီးတော့ ဆွေးနွေးမယ်၊ အဖြေတခုထွက်တဲ့အထိ ဆွေးနွေးမယ်ဆိုတာမျိုး ရတာဆိုတာက ကျမတို့အတွက် အောင်မြင်တယ်လို့ယူဆပါတယ်ရှင့်။ ကျမတို့ ကျေနပ်ပါတယ်။ ဆွေးနွေးပွဲက အတော်များများ ကျေနပ်စရာကောင်းပါတယ်။”

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆွေးနွေးဖို့  ကိုယ်စားလှယ်တွေကို ဒီရက်ပိုင်းလေးအတွင်းမှာ (သုံးရက်အတွင်း) ဘယ်လိုမျိုးရွေးချယ်မလဲ။ NNER (မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်) ကရော။
“လောလောဆယ်တော့ ကျမတို့ အရင်တုန်းက ပြောခဲ့တယ်။ ကျမတို့ ဆွေးနွေးပွဲကတော့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ NNER ကတော့ ကိုယ်စားလှယ်တွေ NNER က ရွေးချယ်ပေးမှာဖြစ်ပါတယ်။”

ဖတ်ဖူးသမျှ မြန်မာ့သမိုင်းထဲမှာ မရှိသလောက် သပိတ်မှောက် ကျောင်းသားတွေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ သွေးထွက်သံယိုမရှိဘဲ ဒီနေ့ စားပွဲဝိုင်းမှာ အချက်အလက်တော်တော်များများလောက်ကို ကျေနပ်လောက်စရာ ရခဲ့တဲ့အပေါ်မှာ မဖြိုးဖြိုးအောင်ရဲ့ မှတ်ချက်စကားပြောပြပေးပါ။

"ဟုတ်ကဲ့ သမိုင်းတလျှောက်မှာ ထူးထူးခြားခြားရခဲ့တယ်ပေါ့နော်။ ကျမတို့လိုချင်တာကို အပြည့်အ၀နီးပါးရခဲ့တာဖြစ်တယ်ပေါ့နော်။ အဲလိုအနေအထားမျိုးမှာ ကျမတို့အနေနဲ့ ဒါ အင်မတန်မှ ကျေနပ်ပါတယ်။ ကျမတို့ ကျောင်းသူ ကျောင်းသားတွေလည်း ကျမတို့ ခရီးပင်ပန်းတဲ့ဒဏ်တွေ ခံရပေမယ့် ခုနပြောသလို သွေးထွက်သံယို မဖြစ်ခဲ့ဘူး။ ထပ်ပြီးတော့ သွေးမြေမကျခဲ့ရဘူးပေါ့နော်။ အဲလိုအနေအထားမျိုးဖြစ်တဲ့အတွက် ဒါ ကျမတို့အနေနဲ့ ကျေနပ်မိပါတယ်။ နောက် ကျမတို့တောင်းဆိုချက်တွေကတော့ မပြီးသေးပါဘူး။ ကျမတို့ဆက်ပြီးတော့ သွားရဦးမယ်။ ကျမတို့လမ်းကြောင်းတွေက မဆုံးသေးပါဘူးရှင်။ ကျမတို့လိုချင်တဲ့ အမျိုးသားပညာရေးဥပဒေတခု၊ ဒီမိုကရေစီပညာရေးဆန်တဲ့ အမျိုးသားပညာရေးဥပဒေတခုဖြစ်ပေါ်လာဖို့ ဒီဆွေးနွေးပွဲမှာ ၀င်ထိုင်တဲ့သူတွေအားလုံးမှာ တာဝန်ရှိပါတယ်။ ကျမတို့ဆက်ပြီးတော့ ကျမတို့လိုချင်တာတွေရဖို့ ဆွေးနွေးဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ အဲဒါတွေက ဆက်ပြီးတော့ ကြိုးစားရဦးမှာပဲဖြစ်ပါတယ်ရှင်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013