DVB Logo
Home
Lead Story
ညီငယ်၊ ညီမငယ်တွေ ရလဒ်တခုကိုရအောင် ကြိုစားသွားနိုင်လို့ ဂုဏ်ယူပါတယ်- ဦးမြအေး
DVB
·
January 28, 2015
ညီငယ်၊ ညီမငယ်တွေ ရလဒ်တခုကိုရအောင် ကြိုစားသွားနိုင်လို့ ဂုဏ်ယူပါတယ်- ဦးမြအေး
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီကြပါတယ်။
ဒီသဘောတူညီချက်မှာ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးကို ဆက်သွယ်မေးမြန်းထာပါတယ်။

ဒီကနေ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ အစိုးရကြား တွေ့ဆုံဆွေးနွေးပွဲရဲ့ထူးခြားချက်က ဘာလို့ ကိုမြအေး ကောက်ချက်ချလဲခင်ဗျ။

[caption id="attachment_65315" align="alignright" width="258"]၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေး[/caption]

“ဒါကတော့ဗျာ ကျနော်တို့ကြေညာချက်ထုတ် ထားတယ်။ ကျနော်တို့က ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်း နဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းထားတဲ့ ကြေညာ ချက်ထုတ်ထားတယ်လေ။ ဒါကတော့ဗျာ နှစ်ဘက် ညှိနှိုင်းပြီးတော့မှ ငြိမ်းငြိမ်း ချမ်းချမ်း ပြေပြေလည် လည်နဲ့ ဖြေရှင်းသွားတယ်လို့ပဲ ကျနော်မြင်တယ်လေ။ တနည်း အားဖြင့် ပြော မယ်ဆိုရင် နိုင်ငံတော်သမ္မတဦးသိန်းစိန် သုံးသုံးနေတဲ့ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်လိုက်နိုင်တယ်လို့ ယူဆမယ်ဆို ယူဆလို့ရပါတယ်။”

မန္တလေးကနေ ရန်ကုန်ကို မိုင်ပေါင်းရာချီတဲ့ခရီးကို ချီတက်တဲ့ ကျောင်းသားတွေနဲ့ အစိုးရ မနေ့ကမှ စကားပြောမယ်လို့ ပြောပြီး ဒီကနေ့ ဆွေးနွေးဝိုင်းကို ရောက်လာတာမှာ ရှစ်ဆယ့်ရှစ် မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဘယ်အခန်းကဏ္ဍက ပါလဲ။
“အဲဒါက ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေရဲ့ အခန်းကဏ္ဍကို ရှစ်ဆယ့်ရှစ်တွေက ပြောတာထက် ကျောင်းသားတွေကိုမေးကြည့်တာက ပိုပြီး သင့်တော်မယ်လို့ထင်ပါတယ်။”

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကို ရက်ပေါင်း ၆၀ အတွင်း ကမ်းလှမ်းစဉ်မှာ အစိုးရက မလိုက်လျောပဲနဲ့ အခုမှ ရုတ်တရက် လိုက်လျောတာဟာ ဘာကြောင့်လဲလို့ ကိုမြအေးတို့ ခန့်မှန်းလဲဗျ။ လူတွေစိတ်ဝင်စားကြတယ်။

“ဒီလိုဗျ။ ကျနော်တို့က ရက်ပေါင်း ၆၀ မတိုင်ခင်ကတည်းက၊ နည်းနည်းတော့ ပြောရတော့မယ်ဗျာ။ ရက်ပေါင်း ၆၀ မတိုင်ခင်ကတည်းက ကျနော်တို့ ရှစ်ဆယ့်ရှစ်အနေနဲ့က တွေ့ဆုံဆွေးနွေးညှိနှိုင်း ဖြေရှင်းပါ။ ကျောင်းသားတွေရဲဆန္ဒကို ဦးစားပေးပြီးတော့မှ စဉ်းစားပါဆိုတဲ့အကြောင်းကို ကျနော်တို့ ပြောခဲ့ပါတယ်။ အစိုးရတာဝန်ရှိတဲ့သူတွေကို ကျနော် တောက်လျောက်တိုက်တွန်းခဲ့ပါတယ်။ မနေ့က တနေ့လုံးမှာလည်း ရှစ်ဆယ့်ရှစ်အနေနဲ့က သက်ဆိုင်ရာတွေကို ဖုန်းဆက်၊ တောင်သာမှာ ပိတ်ဆို့နေတဲ့ကိစ္စတွေကိုလည်း အရေးတယူဆောင်ရွက်ပေးဖို့၊ လူငယ်တွေကို မထိခိုက်ဖို့၊ အကြမ်းဖက် ဖြေရှင်းမှု လုံးဝမလုပ်ဖို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ တနေ့ကုန် ရှစ်ဆယ့်ရှစ် တဖွဲ့လုံး အလုပ်လုပ်ခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲဖြစ်လာခဲ့ပါတယ်။ ဒါပါပဲဗျ လိုတိုရှင်းပြောရမယ်ဆိုရင်။ သို့သော်လည်းပဲ ခဏက အဓိက ဆွေးနွေးပွဲဖြစ်ရတဲ့အကြောင်းရင်းဟာ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်တယ်ဆိုတာထက် ကျောင်းသားတွေ လုံ့လအားထုတ်စိုက်မှုကြောင့်ပဲဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း တကယ်ကို စိတ်ဝင်တစား ဖြေရှင်းပေးတဲ့ပုံသဏ္ဌာန်မျိုးဖြစ်ပါတယ်။”

ဒီကနေ့ အစိုးရဘက်က လိုက်လျောတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ မှတ်ချက်စကားပြောပြပါ။

“အဓိကကတော့ဗျာ ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုလို့ရှိရင် လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတာပေါ့နော်။ နောက်တခုက သဘောတူညီထားတဲ့အတိုင်း နှစ်ဘက်စလုံး အစိုးရဘက်ကရော၊ ကျောင်းသားအင်အားစုဘက်ကရော နှစ်ဘက်လုံးက ကိုယ့်သဘောတူညီချက်ကို တိတိကျကျ အားလုံးနှစ်ဘက်လုံး စောင့်ထိန်းပြီးတော့မှ ဖြေရှင်းသွားဖို့တော့ လိုမယ်လို့ ကျနော်မြင်ပါတယ်။ ဘာပဲပြောပြောဗျာ ကျနော်တို့ကတော့ အရမ်းပင်ပန်းနေတဲ့ ညီငယ်၊ ညီမငယ်တွေ ရလဒ်တခုကို ရအောင် ကြိုစားသွားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ၀မ်းသာပါတယ်။ ကျနော်တို့ အလွန်တရာ ပီတိဖြစ်မိပါတယ်။ ဒါလောက်ပါပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013