DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာနှင့် လူနည်းစုများ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂ၌ တင်သွင်း ဗြိတိန် ကြိုဆို
DVB
·
July 8, 2026
Photo: UK Government
Photo: UK Government
Donate to DVB

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၆၂ ကြိမ်မြောက် ညီလာခံမှာ တင်သွင်းလိုက်တဲ့အပေါ် ဗြိတိန်နိုင်ငံနဲ့ ကြိုဆိုကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ကို အများသဘောတူညီချက်နဲ့ ပူးပေါင်းပါဝင်မယ်လို့ ပြောပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းနဲ့ပတ်သက်ပြီး ဗြိတိန်ရဲ့ သဘောထားအမြင် ရှင်းလင်းချက်ကို  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ယာယီသံရုံးတာဝန်ခံ အန်ဒရူး ဂျက်ဆင်က လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းပြောကြားလိုက်တာလို့ ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO)က ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေဟာ စစ်အာဏာရှင်တပ်နဲ့ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့  လက်ချက်ကြောင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စော်ကားမော်ကားပြုကျင့်မှုတွေကို ဆက်လက်ခံစားနေကြရဆဲ ဖြစ်တယ်၊ ရိုဟင်ဂျာတွေဟာ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံမဲ့ဖြစ်မှုနဲ့ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချုပ်ချယ်မှုတွေ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ ဒုက္ခသုက္ခတွေအပေါ် လူ့အခွင့်အရေးကောင်စီရဲ့ အာရုံစိုက်မှုကို မှန်ကန်စွာ ဆက်လက်ထိန်းသိမ်းထားသလို နိုင်ငံတကာ လုပ်ငန်းစဉ်တွေနဲ့ ယန္တရားတွေကနေတဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေးအပေါ် အထူးအလေးထား ဖော်ပြထားတာကို ကြိုဆိုတယ်။ ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်တာဟာ အကြမ်းဖက်မှု သံသရာကို ဖြတ်တောက်ဖို့နဲ့ သားကောင်ဖြစ်ခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှု သေချာစေဖို့ မရှိမဖြစ် လိုအပ်တယ်လို့  ဗြိတိန် ယာယီသံရုံးတာဝန်ခံက ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ တခြားအရပ်သားပြည်သူတွေအပေါ် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်မှာ  အရင်ဆုံး အဓိက တာဝန်ရှိတယ်၊  ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်းရဲ့ အရင်းအမြစ် အကြောင်းအရင်းတွေကို ဖြေရှင်းဖို့၊ တာဝန်ခံမှု ရှိစေဖို့အတွက် ပံ့ပိုးကူညီပေးဖို့နဲ့ ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ OIC နဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့  ဗြိတိန် ယာယီသံရုံးတာဝန်ခံ အန်ဒရူး ဂျက်ဆင်က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ နောက်ဆုံးထုတ်ပြန်ချက် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ဆက်လက်ဆိုးရွားလာနေမှုကို ထင်ရှားစွာ ဖော်ပြထားပြီး၊ အစီရင်ခံစာပြုစုတဲ့ ကာလအတွင်း အနည်းဆုံး အရပ်သား ၇၀၂ ယောက် သေဆုံးခဲ့ကာ ဒီအထဲက  ၄၇၆ ယောက်က  လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ ဖော်ပြပါတယ်။ 

ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ ဆုံးရှုံးသွားရတဲ့ အသက်ပေါင်းများစွာ၊ ပြိုကွဲပျက်စီးသွားရတဲ့ မိသားစုတွေနဲ့ နေ့စဉ်နဲ့ အမျှ ကြောက်ရွံ့တုန်လှုပ်စွာ နေထိုင်နေရတဲ့ လူ့အဖွဲ့အစည်းတွေရှိနေတယ်။ အရပ်သားပြည်သူတွေအပေါ် အလွန်အမင်း ဆင်းရဲဒုက္ခရောက်စေပြီး၊ ရှိရင်းစွဲ ပျက်စီးယိုယွင်းနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှု ဆက်လက်လုပ်နေတာကို  ဗြိတိန်နိုင်ငံအနေနဲ့  ပြင်းထန်စွာ ရှုတ်ချတယ်လို့  ဗြိတိန် ယာယီသံရုံးတာဝန်ခံ အန်ဒရူး ဂျက်ဆင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013