DVB Logo
Home
မြန်မာသတင်း
ပခုက္ကူဆန္ဒပြကျောင်းသားများ မြို့တွင်း လှည့်လည်ဟောပြော
DVB
·
January 28, 2015
ပခုက္ကူဆန္ဒပြကျောင်းသားများ မြို့တွင်း လှည့်လည်ဟောပြော
1 / 4
Donate to DVB

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့က သပိတ်မှောက် ကျောင်းသား ၁၀၀ လောက်ဟာ ဗိုလ်ချုပ်အောင်ဆန်းကျောက်တိုင်ကနေ မြို့တွင်း တက္ကသိုလ်တွေဆီကို ချီတက်ဟောပြောနေကြပြီး မွန်းလွဲပိုင်မှာ ညောင်ဦးဘက်ကို ချီတက်ဖို့ ပြင်ဆင်နေပါတယ်။

ပခုက္ကူကျောင်းသားဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုတင်မင်းဖြိုးက “ကျောင်းသားအင်အား ၁၀၀ - ၁၅၀ လောက်ရှိပါတယ်။ ကျနော်တို့ အခု ပခုက္ကူတက္ကသိုလ်ရှေ့မှာပါ။ ပြီးရင် ပခုက္ကူ ကွန်ပျူတာ တက္ကသိုလ်ကို သွားမယ်ခင်ဗျ။ ပြီးရင် နေပြည်တော်က လူတွေကို စောင့်ပြီးတော့ ၁၂ နာရီကျော်ကျရင် ညောင်ဦးကို ချီတက်ပါမယ်။ ချောက်မှာ ညအိပ်ပါမယ်ခင်ဗျ။"

မန္တလေးကနေ ရန်ကုန်ကို ချီတက်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို တောင်သာမြို့အ၀င်မှာ တားမြစ်ခံရတဲ့ မနေ့တုန်းကလည်း ပခုက္ကူမြို့မှာ ကျောင်းသားသပိတ်ကို စတင်ခဲ့ပါတယ်။ မနေ့က ကျောင်းသားခေါင်းဆောင်တွေကို အစိုးရက ဆွေးနွေးမယ်လို့ ကမ်းလှမ်းမှုအရ ပခုက္ကူက ဆန္ဒပြသပိတ်ခေါင်းဆောင်တွေ နေပြည်တော်ကို သွားရောက်ဆွေးနွေးကြတယ်လို့ သူက ပြောပါတယ်။

သူက “ကျနော်တို့က ကိုဇေယျာလွင်ပါတယ်။ ကိုပြည့်ဖြိုးကျော်ပါတယ်။ ကိုချိုဝင်းအောင်ပါတယ်။ မုံရွာက တယောက်ပါတယ်ခင်ဗျ။ ဟိုဘက်က (တောင်သာမှာ တားမြစ်ခံရတဲ့အဖွဲ့မှ ကိုအောင်မှိုင်းဆန်းနဲ့ ကိုနန္ဒာစစ်အောင်) ပါတယ်။ တကသက လေးယောက်၊ ဗကသက နှစ်ယောက်လို့ ကြားပါတယ်ခင်ဗျ။ မနက် ၉ နာရီခွဲကနေ စတင်တဲ့ ကျောင်းသားသပိတ်ကို အုပ်ချုပ်ရေးဌာနတွေက တစုံတရာ လာရောက်မေးမြန်းတာ မရှိပါဘဲ ငြိမ်းချမ်းစွာ ဟောပြောနေကြတယ်လို့ သူ ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေက ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးဖို့ကမ်းလှမ်းချက်ကို မတုံ့ပြန်တဲ့အတွက် သပိတ်စစ်ကြောင်းတွေခွဲပြီး ရန်ကုန်ကို ချီတက်ကြမှာဖြစ်ပါတယ်။

မနေ့ကတော့ အစိုးရဘက်က ဆွေးနွေးဖို့ကမ်းလှမ်းခဲ့ပြီး ဒီကနေ့မှာ ကျောင်းသားခေါင်းဆောင်တွေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံနေကြပါတယ်။
[gallery ids="79031,79032,79033,79034"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013