DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တယ်လီဖုန်းဆင်းကတ် သုံးစွဲသူအားလုံး မှတ်ပုံတင်ရမည်
DVB
·
January 28, 2015
Donate to DVB

လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာရှိတဲ့ တယ်လီဖုန်းဆင်းကတ် ပိုင်ရှင်တွေအားလုံး မှတ်ပုံတင်ရမယ်လို့ ထိုင်းအမျိုးသား ဆက်သွယ်ရေးနဲ့ အသံလွှင့် လုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ဇန်န၀ါရီ ၂၁ ရက်နေ့က ဘန်ကောက် ထိုင်းအမျိုးသားဆက်သွယ်ရေးနဲ့ အသံလွှင့်ဦးစီးဌာန(အန်ဘီတီစီ)မှာ ကျင်းပတဲ့ အစည်းအဝေးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ကြောင်း Daily News သတင်းမှာ ဖော်ပြပါတယ်။

တယ်လီဖုန်းဆင်းကတ်ကို အသုံးပြုပြီး အမျိုးမျိုး လိမ်လှည့်ဖျားမှုတွေ ရှိနေတာနဲ့ ထိုင်းတောင်ပိုင်း နယ်စပ်ဒေသ ခရိုင် ၃ ခုမှာ တယ်လီဖုန်းကို အသုံးပြုပြီး ဗုံးဖောက်ခွဲ တာတွေ ရှိတဲ့အတွက် ပြည်သူများရဲ့ လုံခြုံမှုကို ကာကွယ်တဲ့အနေနဲ့ ဖုန်းရှိသူတိုင်း ပိုင်ရှင်အဖြစ် မှတ်ပုံတင်ရမယ်လို့ ထိုင်းအမျိုးသားဆက်သွယ်ရေးနဲ့ အသံလွှင့်ဦးစီးဌာန(အန်ဘီတီစီ)ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်းထားကွန်း တန့်ထနန်ဆစ်ထိက ပြောကြားခဲ့တာပါ။

မှတ်ပုံတင်ရမယ့် အမျိုးအစားတွေမှာ AIS၊ DTAC၊ TRUE၊ TOT နဲ့ CAT ကုမ္ပဏီ ၅ ခုကထုတ်တဲ့ ဆင်းကတ်တွေအားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆင်းကတ်လက်ဝယ်ထားရှိသူ၊ ဒါမှမဟုတ် အသစ်ဝယ်ယူမည့်သူတွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး ဇူလိုင် ၃၁ ရက်နေ့အထိ ၆ လတာ ကာလအတွင်း သက်ဆိုင်ရာ တယ်လီဖုန်းစင်တာ ဒါမှမဟုတ် နီးစပ်ရာ ကုန်တိုက်တွေမှာရှိတဲ့ ကိုယ်စားလှယ် အရောင်းဆိုင်တွေနဲ့ 7 Eleven ဆိုင်တွေမှာ သွားရောက်ဆက်သွယ် အမည်စာရင်း မှတ်ပုံတင်ရမယ်လို့လည်း ပြောပါတယ်။

ဒီပြဌာန်းချက်ကိုလည်း အချိန်မီ ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့အချိန်တွင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ တယ်လီဖုန်းကို အော်ပရေတာက ဆက်သွယ်မှုလိုင်း ဖြတ်တောက်မယ်လို့ ဆိုပါတယ်။

ဆက်သွယ်မှု ဖြတ်တောက်ခံရတဲ့ တယ်လီဖုန်ဆင်းကတ်အနေနဲ့ အ၀င်ဖုန်းကိုသာ လက်ခံနိုင်မှာဖြစ်ပြီး ဖုန်းခေါ်ခြင်း၊ အင်တာနက်လိုင်းချိတ်ခြင်းတွေ ရတော့မှာ မဟုတ်ဘူးလို့ အန်ဘီတီစီက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ ဂဏန်းနံပတ်စာရင်းဝင် ဆင်းကဒ်အရေအတွက် သန်းပေါင်း ၉၀ ရှိတယ်လို့ အန်ဘီတီစီက ထုတ်ပြန်ထားပါတယ်။
[gallery ids="78978,78979,78980"]

ဤသတင်းကို ဖော်ပြသော အခြားသတင်းဌာနများ ၊

http://specphone.com
http://www.manager.co.th
https://broadcast.nbtc.go.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013