DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့ပေါ်တွင် ဗုံးပေါက် သားအဖ ၂ ဦးဒဏ်ရာရ
DVB
·
January 27, 2015
ဖားကန့်မြို့ပေါ်တွင် ဗုံးပေါက် သားအဖ ၂ ဦးဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ပေါ်မှာ ဇန်န၀ါရီလ ၂၆ ရက် ညနေပိုင်းက ဗုံး ၁ လုံး ပေါက်ကွဲပြီး သားအဖ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

pharkant-copyဗုံးပေါက်ကွဲတဲ့နေရာဟာ မြို့မရပ်ကွက် ဂျိတ်စီးတီးဟိုတယ်ရှေ့မှာဖြစ်ပြီး အနီးမှာဆိုင်ကယ်စီးလာတဲ့ သားအဖ ၂ ယောက်ကို ထိမှန်သွားတာလို့ ဖားကန့် ဓမ္မအမှုဆောင် ဆရာဖုန်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညနေ ၃နာရီခွဲလောက်က ကျနော်တို့က ဥရုချောင်းတဘက်ကမ်းမှာရှိနေတုန်း ၀ုန်းဆိုအသံကြားလိုက်တာ။ မီးခိုးတွေလည်း အူပြီးတက်လာတယ်။ ချက်ချင်းတော့ သွားမကြည့်ရဲဘူး။ နောက်မှ အဲဒီနားကလူတွေ ပြောပြတာ။ ဗုံးပေါက်တာတဲ့၊ ဆိုင်ကယ်စီးလာတဲ့ သားအဖကို ထိသွားတယ်။ အဖေက နားကိုထိတာ အခုဘာမှ မကြားရတော့ဘူး။ သူ့သမီးကတော့ ဗုံးစတွေဘဲ မှန်တယ် အဖေလောက် ဒဏ်ရာမဆိုးဘူး။”

ဖခင်ဖြစ်သူမှာ အသက် ၄၀ ကျော်ရှိပြီး သမီးဖြစ်သူက ၁၀ နှစ်ရွယ်ဖြစ်ကြောင်း၊ အမည်ကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အနီးက အုတ်ခုံတချို့ပျက်စီးခဲ့ပြီး ကျန်တာတွေတော့ ကြီးကြီးမားမား ပျက်စီးတာ မရှိဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ပြီးတဲ့နောက် ဖားကန့်မြို့နဲ့ အနီးတ၀ိုက်မှာ ရဲလုံခြုံရေးတွေ ပိုချထားပြီး လမ်းသွားလမ်းလာ တွေ စစ်ဆေးမေးမြန်းခံနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဖားကန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ မြို့နယ်အုပ်ချုပ်ရေးရုံးကလည်း ဗုံးပေါက်ကြောင်း အတည်ပြုချက်သာ ပေးနိုင်ပြီး အသေးစိပ်ကတော့ တာဝန်ရှိလူကြီးတွေ မဟုတ်လို့ မဖြေနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013