DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် စစ်သားနှင့် အရပ်သား ပဋိပက္ခကြောင့် ရွာသား ၅ ဦးဒဏ်ရာရ
DVB
·
January 27, 2015
ပြင်ဦးလွင်တွင် စစ်သားနှင့် အရပ်သား ပဋိပက္ခကြောင့် ရွာသား ၅ ဦးဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်အင်ဂျီနီယာတပ်(ဘီအီးတပ်) က ပိုင်ဆိုင်တဲ့ မြေပေါ်မှာ အစိုးရတပ်နဲ့ အရပ်သားတွေကြား ပဋိပက္ခဖြစ်ပွားပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တဲ့အတွက် ရွာသား ၅ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးကို ဆေးရုံတင်ထားရတယ်လို့ ရွာသားတွေက ပြောပါတယ်။

10940521_645711105557143_2468116834559529396_nဒေသခံတွေက အဲဒီမြေပေါ်မှာ နှစ် ၂၀ နီးပါး အခွန်ဆောင် နေနေရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ စစ်တပ်ကဖယ်ပေးဖို့ ညွှန်ကြားထားသလို ဒီကနေ့ မနက် ၈ နာရီေ လာက်မှာ စည်းရိုးခတ်လာတဲ့အတွက် ထိပ်တိုက်တွေ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တာလို့ ကန်တော်မင်ရွာသား ဦးမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်က သိမ်းထားတဲ့မြေတွေ ပြန်စွန့်ပေးဖို့ကိစ္စ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကဘဲ ဘီအီးတပ်က ဗိုလ်မှူးတယောက်ဆီ တင်ပြထားတယ်။ သူကလည်း အထက်ကိုတင်ပြပေးပါမယ်လို့ ပြောတယ်။ ကျနော်တို့က စစ်တပ်ရဲ့ ပြန်ကြားချက်ကို စောင့်နေတုန်း၊ ဒီနေ့ အုတ်တံတိုင်း အပေါက်ဝကို လာပိတ်ကြတာ။ ဆောက်လက်စ တဲတွေလည်း ဖျက်ခိုင်းတယ်။ တပ်ရေးဗိုလ်ကြီးတယောက်က ချကွာဆိုပြီး အမိန့်ပေးတယ်။ သူတို့သင်တန်းသားတွေရော လာရိုက်ကြတယ်။ စစ်ဖိနပ်နဲ့ ပေါက်ခံရတယ်။ ပါးရိုက်တယ်။ ဆံပင် ဆောင့်ဆွဲတယ်။ ရွာသူ ၄-၅ ယောက်လောက် ထိတယ်။ လူငယ် ၂ ယောက်က ဆေးရုံရောက်သွားပြီ။”

ဆေးရုံတက်ရသူ လူငယ် ၂ ဦးမှာ ကိုနိုင် (၂၀)နှစ်က ပေါက်ပြားရိုးနဲ့ အပေါက်ခံရလို့ ခေါင်းကွဲသွားပြီး ကိုငြိမ်းချမ်း ၂၀ နှစ်မှာလည်း လဲကျပြီး တိုင်နဲ့ခိုက်မိလို့ သွားကျိုးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီမနက် ပဋိပက္ခမှာ စစ်တပ်ဘက်က သင်တန်းသားတွေအပါအ၀င် အင်အား ၃၀၀ လောက်ရှိပြီး ရွာသားတွေဘက်ကတော့ ၁၀၀ လောက်ကတော့ ဘာလက်နက်မှမရှိတဲ့အတွက် နောက်ဆုတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကန်တော်မင်လို့ အမည်ပေးထားတဲ့ အဲဒီနယ်မြေမှာ မိသားစုပေါင်း ၂၀၀ လောက်ရှိပြီး စစ်တပ်က ဖယ်ပေးဖို့ ပြောထားတဲ့ မြေဧရိယာ ဧကပေါင်း ၁၈၀ လောက် ရှိပါတယ်။ ရွာသားတွေအနေနဲ့ အဲဒီမြေပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ အခြေကျနေပြီဖြစ်လို့ စစ်တပ်က မြေယာတွေ ပြန်စွန့်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013