DVB Logo
Home
နိုင်ငံတကာ
ရုရှား ရေနံဓာတုစက်ရုံ မီးလောင်ပြီး အနည်းဆုံး ၂ ဦးသေဆုံး
DVB
·
April 1, 2026
Photo: SOCIAL MEDIA
Photo: SOCIAL MEDIA
Donate to DVB

ရုရှားနိုင်ငံ၊ တာတာစတန်ဒေသရှိ ရေနံဓာတုစက်ရုံတခုမှာ မတ် ၃၁ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး အနည်းဆုံး လူ ၂ ယောက် သေဆုံးသွားပါတယ်။

နစ်ဇ်နီကမ် စကနက်ဖ် တက်ကင် အမည်ရှိ ဓာတုရော်ဘာထုတ်လုပ်ရေး စက်ရုံကြီးကို ပိုင်ဆိုင်တဲ့ ဆီးဘူရ်ကုမ္ပဏီကတော့ လူ ၂ ယောက် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး လူ ၂၀ လောက် ဆေးရုံတင်ထားတယ်လို့ ပြောပါတယ်။

နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ TASS သတင်းအေဂျင်စီကတော့ လူ ၃ ယောက် သေဆုံးပြီး ၆ ယောက် ပျောက်ဆုံးနေကာ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒြပ်ပေါင်းရော်ဘာ ထုတ်လုပ်တဲ့နေရာမှာ ဖိအားကျဆင်းသွားပြီး ဓာတ်ငွေ့အရောအနှောတွေ ပေါက်ကွဲခဲ့တာလို့ ကုမ္ပဏီဘက်က အတည်ပြုပါတယ်။ ဓာတ်ငွေ့မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

ပလတ်စတစ်လည်း ထုတ်လုပ်တဲ့ အဓိက စက်ရုံအစိတ်အပိုင်းတွေကိုတော့ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေတယ်လို့ ဆီးဘူရ်ကုမ္ပဏီက ပြောပါတယ်။

မီးသတ်သမားတွေက မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မီးပျံ့နှံ့သွားမဲ့အန္တရာယ် မရှိတော့ဘူးလို့ ကုမ္ပဏီက ပြောပါတယ်။

ဒါ့အပြင် လေထုအရည်အသွေးကိုလည်း စစ်ဆေးနေပြီး ပတ်ဝန်းကျင်နဲ့ ဒေသခံတွေအတွက် အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။

ရုရှားလေကြောင်းထိန်းသိမ်းရေးဌာနကတော့ မော်စကိုမြို့ကနေ အရှေ့ဘက် မိုင် ၆၂၀ (၁,၀၀၀ ကီလိုမီတာ) လောက် ကွာဝေးတဲ့ နစ်ဇ်နီကမ်လေဆိပ်ကို ခဏတာ ပိတ်ထားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် အနီးနားက တိုက်ခန်းတချို့ရဲ့ ပြတင်းပေါက်မှန်တွေပါ ကွဲထွက်ကုန်တယ်လို့ ဒေသန္တရမြို့တော်ဝန် ရဒ်မီယာ ဘယ်လ်ယာအက်ဗ်က ပြောပါတယ်။

အတည်မပြုရသေးတဲ့ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံတွေမှာတော့ စက်ရုံကနေ မီးခိုးလုံးကြီးတွေ အလိပ်လိုက် တက်နေတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013