DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်စစ်ကြောင်း တောင်သာမြို့အ၀င်တွင် လုံခြုံရေးများ လမ်းပိတ်ဆို့
DVB
·
January 27, 2015
ကျောင်းသားသပိတ်စစ်ကြောင်း တောင်သာမြို့အ၀င်တွင် လုံခြုံရေးများ လမ်းပိတ်ဆို့
Donate to DVB

မြင်းခြံကနေ တောင်သာမြို့ဆီ ဒီမနက်ပိုင်းချီတက်တဲ့ ကျောင်းသားအဖွဲ့ဟာ လက်ရှိ တောင်ဘ လူကို ကျော်ပြီး နန်းမြင့်တောင်ကို ရောက်လုနီးပြီးလို့ ချီတက်ပွဲမှာပါဝင်တဲ့ ကိုရဲရင့်ကျော်က မြန်မာစံတော်ချိန် ၁၂ နာရီမှာ ပြောပါတယ်။

[caption id="attachment_78863" align="alignright" width="381"]ဓာတ်ပုံ -  ဝေမိုးအောင် ဓာတ်ပုံ - ဝေမိုးအောင်[/caption]

နန်းမြင့်တောင်တံတားမှာ အစိုးရဲ့ လုံခြုံရေးတပ်အင်အားအပြည့်ချထားထားတယ်လို့ ပြောပါတယ်။

“ရှေ့ပြေးသွားပြီးတော့ ရိုက်လာတဲ့ ဓါတ်ပုံတွေအရ တံတားမှာတော့ လုံခြုံရေး အပြည့်ပိတ်ပြီးတော့ ကာပြီးရပ်ထားပါတယ်။ ဓါတ်ပုံသွားရိုက်တဲ့သူတွေကိုလည်း လက်မခံဘဲ ငေါက်ငမ်းတဲ့အတွက် အဝေးရိုက်တွေနဲ့ပဲ ယူလာကြပါတယ်။ ကျနော်တို့ကတော့ လမ်းကို ဆက်လျှောက်ဖို့အတွက် သပိတ်ဆက်ချီနိုင်ဖို့ သွားပြောရမှာပေါ့။ သူတိုရဲ့တုံ့ပြန်မှုပေါ်မှာ ကြည့်ပြီး စီစဉ်ရမှာပေါ့။ အခုလက်ရှိ ၀င်လာတဲ့သတင်းအရ မြင်းခြံမြို့ဘက်မှာလည်း မြို့ထွက်ကို ပိတ်လိုက်ပြီပြောတယ်။ ဆိုလိုချင်တာကတော့ ကျနော်တို့ နောက်မှာ ဘာမှရှိတော့မှာ မဟုတ်ဘူး။ ရှေ့နောက်ပိတ်ထားတဲ့သဘောပါပဲ။”

လုံခြုံရေးတပ်ဖက်က ဘာတွေ ဆောင်ရွက်လာမလဲဆိုတာ မသိပေမယ့် လက်ရှိချီတက်တဲ့အဖွဲ့တွေကို ရေဗူး နဲ့ လက်ကိုင်ပ၀ါကိုယ်စီဝေထားပေးတယ်လို့ ပြောပါတယ်။ မျက်ရည်ယုဗုံးသုံးလာရင် ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိချီတက်တဲ့ ကျောင်းသား ၈၅ ယောက်ရှိပြီးလိုက်လံဝန်းရံသူစုစုပေါင်း ၃၀၀ လောက်ရှိတယ်လို့ ကိုရဲရင်ကျော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013