
လူသားပုံစက်ရုပ်တွေမှာ AI ဦးနှောက်ထည့်သွင်းတည်ဆောက်မယ်ဆိုရင် လပေါင်းများစွာ သင်ကြားရတာထက် ရက်ပိုင်းအတွင်းမှာ ကာယလုပ်ဆောင်မှုအသစ်တွေ လုပ်ဆောင်နိုင်မယ်လို့ စက်ရုပ် ဖန်တီးသူတယောက်က ပြောပါတယ်။
ကုန်လှောင်ရုံနဲ့ စက်ရုံတွေမှာ လူသားပုံစံစက်တွေ အစားထိုးအသုံးပြုမဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာပါတယ်။
ဗြိတိန်အခြေစိုက် လန်ဒန်ရှိ စက်ရုပ် စတင်ဖန်တီးတဲ့ Humanoid ရုံးမှာ စက်ရုပ်တွေကို စမ်းသပ်မှုတွေ ပြုလုပ်နေတာပါ။
လူပုံတူစက်ရုပ်တွေဟာ တနေ့မှာ ကုန်သိုလှောင်ရုံတွေ၊ စက်ရုံတွေ၊ ကားထုတ်လုပ်ရေးစက်ရုံတွေမှာ အသုံးပြုလိမ့်မယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ စွန့်ဦးတီထွင်သူ အာတမ်ဆိုကိုလော့ဗ် စတင်တည်ထောင်ခဲ့တဲ့ Humanoid လူပုံတူစက်ရုပ် စမ်းသပ်ရေးဟာ AI ဉာဏ်ရည်အသုံးပြုပြီး စက်ရုပ်တွေ ဖန်တီးတဲ့ စက်ရုပ်ကုမ္ပဏီတခု ဖြစ်ပါတယ်။
ဆိုကိုလော့ဗ်က “ကျနော်တို့ဟာ ကိုယ်ပိုင် VLA မော်ဒယ်တွေကို တည်ဆောက်တယ်။ လေ့ကျင့်တယ်။ မြင်ရတာတွေနဲ့ လူသားတွေလို့ အမြန်နှုန်းနဲ့ တကယ့်အပြင်မှာ အလုပ်တွေ လုပ်နိုင်ဖို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လူတူစက်ရုပ်တွေကို ထောက်ပံ့သယ်ယူရေး၊ ဖြန့်ချိရေး၊ ကုန်သိုလှောင်ရုံနဲ့ ကားပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေအပါအဝင် စက်မှုလုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။
ဒီကုမ္ပဏီမှာ ဘီးလုံးတပ် စက်ရုံတွေ ပြထားသလို ခြေ ၂ ဖက်ပါတဲ့ စက်ရုပ်တွေလည်း ပြထားပါတယ်။
ဒီမှာ AI စနစ်တွေက အရေးအကြီးဆုံး အစိတ်အပိုင်း တခုပါပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ပုံသဏ္ဌာန်ကို ဒီဇိုင်းထုတ်နိုင်ပါတယ်။
ဒါပေမဲ့ ဦးနှောက်နဲ့ အဆင့်လိုက် ထိန်းချုပ်မှုတွေ ပြုလုပ်တဲ့ ထိန်းချုပ်မှုမျိုးတွေကတော့ လိုအပ်နေပါတယ်”လို့ နည်းပညာအရာရှိကနွန်က ပြောပါတယ်။
လုပ်ငန်းခွင်မှာ လူတူစက်ရုပ်တွေ အသုံးပြုဖို့ Figure AI နဲ့ Tesla တို့ အပြိုင်ကြိုးစားနေတာ တွေ့ရပါတယ်။ Humanoid ဟာ ဒီစက်ရုပ်ထုတ်လုပ်မှု လောကမှာ သက်တမ်းအငယ်ဆုံး ကုမ္ပဏီဖြစ်ပေမဲ့ အမြန်ဆုံးနှုန်းနဲ့ ခရီးဆက်နေတယ်လို့ ဆိုကိုလော့ဗ်က ပြောပါတယ်။
Source: Reuters










