DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရောက် အလုပ်သမား သားအဖ ၃ ကြိမ် ရောင်းစားခံရ
DVB
·
January 26, 2015
Donate to DVB

ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်းဆီထမရတ်ခရိုင် ဆီချွန်းမြို့နယ်ထဲမှာ မြန်မာအလုပ်သမား သားအဖ ၂ ဦး လူပွဲစားတွေရဲ့လက်ထဲ ၃ ကြိမ်တိုင် အရောင်းစားခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် (အမ်အေတီ)က ပြောပါတယ်။

[caption id="attachment_78781" align="alignright" width="479"]ဓာတ်ပုံ - MAT ဓာတ်ပုံ - MAT[/caption]

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လျှာရှည်ပြင်ရွာက အသက် ၄၅ နှစ်ရွယ် ဦးမောင်ထွန်းတင် နဲ့ သူ့ရဲ့သားဖြစ်သူ ကျော်နိုင်ဌေး (၂၂) နှစ်တို့ဟာ ထိုင်းငါးဖမ်းလှေပေါ်မှာ လာရောက်လုပ်ကိုင်ပြီး ဇာတိရပ်မြေ ရခိုင်ပြည်ကို ပြန်ဖို့လုပ်နေစဉ်မှာဘဲ အဆင့်ဆင့် ရောင်းစားခံခဲ့ရတာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့သားအဖ ၂ ယောက်မှာ အဖေဖြစ်တဲ့လူက လှေပေါ်မှာလဲကျပြီး ဒူးခေါင်းမှာ ဒဏ်ရာရတယ်။ အဲဒါနဲ့ ဆက်မလုပ်တော့ဘူးပေါ့။ ရခိုင်ပြည်ပြန်မယ်လို့ဆိုပြီး ပွဲစားနဲ့ ချိတ်ထားတာ၊ အဲဒါ ဆီချွန်းမြို့နယ် ခနွန်လှေဆိပ်မှာ ကား စောင့်နေတုန်း ပလိပ် ၂ ယောက်က လာခေါ်သွားတယ်။ သူတို့လက်ထဲမှာ သေနတ်ရော လက်ထိပ်ရောပါတယ်လို့ ပြောတယ်။ ပြီးတော့ တခြားတယောက်ကို တယောက်ကို ဘတ် ၈ ထောင်နှုန်းနဲ့ ရောင်းတယ်တဲ့။ နောက်ပွဲစားတယောက်နဲ့ ထပ်ရောင်းတော့ ၉ ထောင်၊ အခုနောက်ဆုံး ကျနော်တို့ဖမ်းမိတဲ့ မဖြူဖြူဝင်းဆိုတဲ့ ပွဲစားမ လက်ထဲရောက်တော့ တစ်သောင်းဖြစ်သွားတယ်။”

ရခိုင်သားအဖ ၂ ဦး ရောင်းစားခံရတဲ့ကိစ္စကို ဖူးကစ်ရခိုင်သာရေးနာရေးအဖွဲ့က သူတို့ဆီ တိုင်ကြားပြီးတဲ့နောက် ဒီလ ၂၁ ရက်နေ့က အဖေဖြစ်သူကို လှေသူဌေး နိုင်းပိစပ်ပိုင် လှေအမှတ် ၅ ပေါ်ကနေ ကမ်းစပ်က မခွာသေးခင် သွားကယ်ထုတ်နိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

သားဖြစ်သူကိုလည်း လှေအမှတ် ၁၂ ပေါ် ရောက်သွားပေမယ့် ပြန်ကယ်ထုတ်နိုင်ခဲ့ပြီး ဒီကနေ့ (ဇန်န၀ါရီလ ၂၆) ရက်နေ့ မနက်စောစောမှာ မဲဆောက်တဘက်ကမ်း မြ၀တီခရိုင်မှာရှိတဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့ လက်ထဲ သွားရောက်အပ်နှံခဲ့ပြီလို့ ဆိုပါတယ်။

သူတို့ကို ရောင်းစားခဲ့တဲ့ သူတွေထဲက လောလောဆယ် အမျိုးသမီးတစ်ဦးကိုဘဲ လက်ပူးလက်ကြပ် ဖမ်းဆီးရမိထားပြီး ကျန်တဲ့ ထိုင်းရဲ ၂ ဦး နဲ့ မြန်မာပွဲစား အမျိုးသမီးတဦးတို့ကတော့ ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဆီချွန်းလှေဆိပ်မှာ ရောက်နေစဉ်ဘဲ တခြား ငါးဖမ်းလှေပေါ်မှာ ၆ လကြာ ရောင်းစားခံနေရတဲ့ အလုပ်သမား ၄ ဦးကို ကယ်ဆယ်ဖို့ အကူအညီတောင်း ခံထားတာရှိသေးတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ရောင်းစားခံရတဲ့အဖြစ်မျိုး မကြာခဏကြားသိနေရပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အရးယူနှိမ်နင်းမှု အားနည်းနေသေးကြောင်း၊ ဒါကြောင့် ဒီလိုအမှုမျိုးတွေ လိုက်လံကူညီရာမှာ လုံခြုံရေးအခက်အခဲ၊ ဆက်သွယ်သွားလာစရိတ် အခက်အခဲ တွေလည်း ရှိနေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ဒါပေမယ့် ဒီလိုအခက်အခဲတွေ ကြားကနေ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာတော့ လူကုန်ကူးမှု ၁၂ ကြိမ်က မြန်မာအလုပ်သမားပေါင်း ၁၂၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမ်အေတီက ပြောပါတယ်။

ဒီလူကုန်ကူးမှုကိစ္စမှာ ဥပဒေပိုင်း အားနည်းချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အက်ဖ်အီးဒီအဖွဲ့ နဲ့ ပူးပေါင်းပြီး ဒီကနေ့ ဇန်န၀ါရီလ ၂၆ ရက် ညနေ ၆ နာရီမှာ ဘန်ကောက် နိုင်ငံခြားသတင်းထောက်များကလပ်မှာ ကျင်းပဖို့လည်း ရှိနေပါတယ်။

ရောင်းစားခံရသူ သားအဖ ၂ ဦးကို အမ်အေတီအဖွဲ့နဲ့အတူ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(အက်ဖ်အီးဒီ)၊ ထိုင်းအစိုးရ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ နဲ့ မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီတို့က ပူးပေါင်းကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013