DVB Logo
Home
Data Story
စစ်အုပ်စုအပေါ်  နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှု Dashboard 
DVB
·
April 21, 2026
Graphic: DVB
Graphic: DVB
Donate to DVB

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေသူတွေအပေါ် နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ သိသိသာသာ ပိုများလာပါတယ်။

ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလို ဆိုက်ဘာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်မှုတွေကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေလည်း ဒီနှစ်ပိုင်းတွေမှာ ရှိလာနေပါပြီ။

တဖက်မှာလည်း အခုချိန်ထိ အရေးယူ ဒဏ်ခတ်မှုတွေက ကင်းလွတ်နေသူတွေရှိသလို အရေးယူဒဏ်ခတ်မှုကနေ ကျော်လွှားဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

လက်ရှိ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေကို စုစည်းဖော်ပြထားတဲ့ Myanmar Sanctions Monitor Dashboard အသစ်ကို DVB က မိတ်ဆက်ပေးလိုက်ပါတယ်။

အသုံးပြုသူကိုယ်တိုင် ဝင်ရောက်ရှာဖွေနိုင်အောင် လုပ်ဆောင်ပေးထားပြီး အချက်အလက်တွေကို Dashboard မှာ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာပါ။

အခု Dashboard ကို သတင်းသမားတွေ၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူတွေ၊ မြန်မာ့အရေး လေ့လာနေသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအတွက် သတင်းအချက်အလက်တွေ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Dashboard အား ဝင်ရောက်ကြည့်ရှုရန် https://burmese.dvb.no/sanctions

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013