DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ကူးတံတားအတွက် သိမ်းဆည်ခံလယ်မြေများ လျော်ကြေးမရသေး
DVB
·
January 26, 2015
ဧရာဝတီမြစ်ကူးတံတားအတွက် သိမ်းဆည်ခံလယ်မြေများ လျော်ကြေးမရသေး
Donate to DVB

ဧရာဝတီမြစ်ကူးတံတား(ညောင်တုန်း) တည်ဆောက်ဖွင့်လှစ်ပြီးတာ ၄ နှစ်လောက်ရှိပြီဖြစ်ပေမယ့် တံတားတည်ဆောက်မှုကြောင့် လယ်မြေ သိမ်းဆည်းခံရတဲ့ တောင်သူတွေ အခုချိန်ထိ လျော်ကြေး မရသေးဘူးလို့ ဒေသခံတောင်သူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

10423287_906968329338142_1626019195511750753_nဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်သူတွေက အခုလို ထုတ်ဖော်ပြော ဆိုလိုက်တာဖြစ်ပါတယ်။

“ကျနော်တို့ ဆီမှာဆိုရင် မီးရထား၊ ကားလမ်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းမှာ ကျနော်တို့ရွာက တချို့တ၀က် လျော်ကြေးရတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် တချို့ သီးနှံလျော်ကြေးရော မြေယာလျော်ကြေးရော ဘာတခုမှ မရတဲ့သူတွေရှိပါတယ်။ အဆောက်အဦကတော့ ရွှေ့ပြောင်း စရိတ်ကလွဲရင် ကျန်တာ ဘာတခုမှ မရသေးပါဘူး။” လို့ ညောင်တုန်းမြို့နယ် ကျွန်းသာဝ ကျေးရွာက တောင်သူ ဦးဝင်းဇော်ထိုက်က ပြောပါတယ်။

အစိုးရအနေနနဲ့ မြေယာလျော်ကြးတွေပေးပြီးပြီလို ပြောဆိုထားပေမယ့် လျော်ကြေးမရသေးတဲ့ သူရှိကြောင်းလည်း ဒီတောင်သူတွေကို လိုက်လံကူညီပေးတဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။

“ဧရာဝတီတိုင်းဒေသကြီး အတွင်းရေးမှူးကနေပြီးတော့ ညောင်တုန်းရထားလမ်း၊ကားလမ်း ဖောက်တဲ စီမံကိန်းမှာ မြေယာဆုံးရှုံးမှုဖြစ်ပေါ်တဲ့သူတွေကို သိန်း ၆၇၀ ကျော် လျော်ထားပြီးပြီလို့ ပြောတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက သိန်း ၉၀၀ ကျော်လျော်ထားပြီးပြီလို့ ပြောတယ်။ လျော်ကြေး နစ်နာကြေးပေးဖို့အတွက် ၈ ကြိမ်တိုင်တိုင် ဒေသခံတွေ သိအောင်ကြေညာပြီး နစ်နာကြေးပေးတာ လို့ ပြောပေမယ့်လို့ ဘာမှမရသေးတဲ့တောင်သူတွေကနေပြီး ရှင်းလင်းပြောတာဖြစ်ပါတယ်။

ကျီးကန်းသိုင်းကျေးရွာမှာဆိုရင် တောင်သူ ၅ ဦး၊ ကျွန်းသာဝကျေးရွာက တောင်သူ ၂၇ ဦး သူတို့တွေ က မရသေးတဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်။ ”

ကျွန်းသာဝ ကျေးရွာမှာ လူနေအိမ်ခြံမြေတွေအပါအ၀င် သိမ်းဆည်းခံမြေယာ ဧက ၁၀၀ နီးပါး သိမ်း ဆည်းခံခဲ့ရပြီး ကျီးကျန်းသိုင်းကျေးရွာဆိုရင် ၁၀ ဧက ကျော် သိမ်းဆည်းခံခဲ့ရတာဖြစ်တယ်လို့ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။

လျော်ကြေးမရတဲ့အကြောင်း ဌာနဆိုင်ရာတွေကို အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ပေမယ့် တစုံတရာ အရေးယူဆောင်ရွက်မှု မရှိတဲ့အတွက် အခုလို သတင်းစာရှင်းလင်းရတာဖြစ်တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကူးတံတား(ညောင်တုန်း)ကို ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ် သောင်တန်းကျေးရွာ(အောက်စု)နဲ့ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ကျီးကန်းသိုက်ကျေး ရွာဆီကို ဆက်သွယ်ပေးထားသော တံတားကြီးဖြစ်ပါတယ်။ ဒီတံတားရဲ့ အလျားဟာ ပေ ၁၀၈၁၄ ရှိပြီး ၂၀၁၁ ခုနှစ်တုန်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မီးရထားနဲ့ ကားလမ်းတွဲလျက် တည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013