DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ရန် အန်အယ်ဒီ တိုက်တွန်း
DVB
·
January 26, 2015
ကချင်ဆရာမ ၂ ဦးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ရန် အန်အယ်ဒီ တိုက်တွန်း
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့ ကောင်းခါးကျေးရွာက ကချင်ဆရာမလေး ၂ ဦးကို လူမဆန်စွာ သတ်ဖြတ်သွားတဲ့အမှု အမှုမှန်ပေါ်ပေါက်အောင် အစိုးရက အားသွန်ခွန်စိုက် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းပါတယ်။

ကချင်ဆရာမလေးတွေကို လူမဆန်စွာသတ်ဖြတ်သွားတဲ့လူသတ်သမားဟာ ဘယ်သူဘယ်ဝါ ဖြစ်နိုင်ကြောင်း မှန်းဆပြောဆိုမှုတွေဟာ တပြည်လုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေးသို့ ဦးတည်နေသည့် ယခုကဲ့သို့သော အချိန်ကာလမျိုးတွင် မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဖြစ်စေနိုင်တယ်လို့ ဒီကနေ့ထုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားရေး ရာကော်မတီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကချင်ဆရာမလေးတွေဟာ မေတ္တာစိတ်ကြီးမားခြင်း၊ စိတ်ကောင်းစေတနာရှိခြင်း၊ အနစ်နာခံခြင်း၊ မိမိကိုယ်ကျိုးစွန့်ခြင်း၊ သတ္တိ ဗျတ္တိနှင့်ပြည့်စုံခြင်း စတဲ့နိုင်ငံသားကောင်းအရည်အချင်းတွေနဲ့ပြည့်စုံတဲ့အ တွက် သူတို့ သေဆုံးရခြင်းဟာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရဲ့ အကျိုးကိုသာမက နိုင်ငံရဲ့ အကျိုးကိုပါ ထိခိုက်နစ်နာရတယ်လို့ ဖော်ပြပါတယ်။

အသက် ၂၀ အရွယ် ကချင် ကျောင်းဆရာမ မရန်လုရာနဲ့ တန်ဘောင် ခေါန်နန်စင်တို့ဟာ ကချင် နှစ်ခြင်းအသင်းတော် (ကေဘီစီ) က ခန့်အပ်ထားတဲ့ စေတနာ့ဝန်ထမ်းဆရာမတွေဖြစ်ကြပါတယ်။ ဇန်န၀ါရီ ၁၉ ရက်နေ့ ညက သူတို့နေထိုင်ရာ ကောင်းခါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းတွင်း အိမ်မှာ အမည်မသိလူသတ်သမားတွေလက်ချက်နဲ့ ပြတ်ရှဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ကချင်ဆရာမလေး ၂ ဦး သတ်ဖြတ်ခံရတဲ့နေ့က အစိုးရ တပ်မတော် စစ်ကြောင်းက လာရောက်ပြီး ရွာမှာ စခန်းချနားနေချိန်ဖြစ်တာကို ထောက်ပြပြီး အစိုးရတပ်က ကျူးလွန်တာဖြစ်နိုင် တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ကောက်ချက်ချ စွပ်စွဲရေးသားချက်တွေ အင်တာနက်တွေမှာ ပျံ့နှံ့နေပါတယ်။ မသတ်ချင်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့ပုံရတယ်လို့လည်း မျက်မြင်တွေက ထင်မြင်ချက်ပေးပြော ဆိုနေကြတာပါ။

ဒီလူသတ်မှုကို ကျူကုတ် (ပန်ဆိုင်း) ရဲက ရဲအရာရှိတဦး၊ ကေဘီစီ တာဝန်ရှိသူတဦး၊ မြို့နယ်အုပ်ချုပ် ရေးမှူးတဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တဦး စုစုပေါင်း လေးဦးနဲ့ဖွဲ့ထားတဲ့ စုံစမ်းရေးအဖွဲ့ငယ်က ဆောင်ရွက်နေသလို ရဲကလည်း အမှုဖွင့်ထားပါတယ်။

အစိုးရဘက်က ဒီအမှုကို အမှုဖွင့်ဆောင်ရွက်နေသလို ပြည်နယ်အစိုးရကလည်း စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သူတို့ ၂ ဦးရဲ့အလောင်းကို ဆေးစစ်ခံယူတဲ့ မူဆယ်ဆေးရုံကနေ ဌာနချုပ်ရှိရာ မြစ်ကြီးနားကို သယ်ဆောင်သင်္ဂြိုဟ်ခဲ့ကြပါတယ်။
[gallery ids="78753,78754,78755,78756,78757"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013