DVB Logo
Home
မြန်မာသတင်း
ဆေးလိပ်နှင့် အရက်ခွန်တိုးပြီး ကျောက်မျက်အခွန် လျော့ကောက်ခံမည်
DVB
·
January 26, 2015
ဆေးလိပ်နှင့် အရက်ခွန်တိုးပြီး ကျောက်မျက်အခွန် လျော့ကောက်ခံမည်
Donate to DVB

စီးကရက်၊ ဆေးလိပ်၊ အရက်နဲ့ ဘီယာတွေအပေါ် အခွန် ထပ်မံတိုးမြှင့်ကောက်ခံပြီး ကျောက်မျက်ရတနာရောင်းချမှုအပေါ် အခွန်လျော့ကောက်မယ့် ၂၀၁၅ ပြည်ထောင်စု အခွန် အကောက် ဥပဒေကြမ်းကို နိုင်ငံပိုင်မီဒီယာတွေမှာ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_40697" align="alignright" width="600"]၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ကျောက်မျက်ရတနာပြပွဲ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့သည့် ကျောက်မျက်ရတနာပြပွဲ[/caption]ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဌာန်းဖို့ တင်ပြထားတဲ့ ဒီဥပဒေမူကြမ်းမှာ စီးကရက်ကို ၁၂၀ ရာခိုင်နှုန်းထိ အမြင့်ဆုံးအခွန် သတ်မှတ်ထားပြီး ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ကွမ်းစားဆေး၊ အရက်နဲ့ ဘီယာအမျိုးမျိုးကိုတော့ ၆၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ဖို့ သတ်မှတ်ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၄ ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ စီးကရက်ကို အခွန် ၁၀၀ ရာခိုင်နှုန်းနဲ့ ဆေးလိပ်၊ အရက်နဲ့ ဘီယာအမျိုးမျိုးကိုတော့ ၅၀ ရာခိုင်နှုန်း လက်ရှိ ကောက်ခံ နေရာကနေ ထပ်တိုးပြီး ကောက်ခံဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီးကရက်၊ အရက်နဲ့ ဘီယာသောက်သုံးမှု လျော့ ချနိုင်ဖို့နဲ့ သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ဆေးကုသကျန်းမာရေးစရိတ်တွေ မြင့်မားလာမှုကို လျော့ချနိုင်ဖို့ စီးကရက်၊ အရက်၊ ဘီယာနဲ့ဝိုင် ထုတ်လုပ်ရောင်းချမှုအပေါ် အခွန် ၂၀၀ ရာခိုင်နှုန်းထိ တိုးမြှင့်သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က အရင်က လွှတ်တော်မှာ တင်ပြခဲ့ဖူးပါတယ်။

တဖက်မှာ ဆေးလိပ်နဲ့အရက်ခွန်တွေကို တိုးမြှင့်ထားပေမယ့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ စတဲ့ အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်တွေအပေါ် အခွန်က ၃၀ ရာခိုင်နှုန်းကောက်နေရာကနေ ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အချောထည်နဲ့ လက်ဝတ်ရတနာတွေအပေါ်မှာတော့ ၁၅ ရာခိုင်နှုန်း ကောက်နေရာ ၅ ရာခိုင်နှုန်းကို လျော့ပေးထားတာ တွေ့ရပါတယ်။

၁၈၀၀ စီစီ အထက်ဗင်ကား၊ ဆလွန်း၊ ဆီဒင်နဲ့ ၀က်ဂွန်ကားတွေတင်သွင်းရောင်းချမှုနဲ့ လောင်စာဆီရောင်းချမှုအပေါ် ကောက်ခံတဲ့အခွန်တွေနဲ့ မပြောင်းလဲသလို ရေနံစိမ်း၊ သဘာဝ ဓာတ်ငွေ့နဲ့ သစ်တွေ ပြည်ပတင်ပို့ရောင်းချမှုအပေါ် ပေးဆောင်ရမယ့် ကုန်သွယ်ခွန်ကလည်း အပြောင်းအလဲ မရှိပါဘူး။

ဒါ့အပြင်လစာ၊ စီးပွားရေးလုပ်ငန်းနဲ့ တခြားရလမ်းတွေက ၀င်တဲ့ဝင်ငွေ ကျပ်ငွေ ၂,၀၀၀,၀၀၀ ထက်ပိုသူတွေအပေါ် စည်းကြပ် ကောက်ခံတဲ့အခွန်နှုန်းထားတွေကလည်း ၀င်ငွေအပေါ်လိုက်ကာ အနိမ့်ဆုံး ၅ ရာခိုင်နှုန်းကနေ အများဆုံး ၂၅ ရာခိုင်နှုန်းအထိ အရင်အတိုင်း မပြောင်းလဲပဲ ဆက်လက် သတ်မှတ်ထားပေးထားတာ ဥပဒေကြမ်းမှာ တွေ့ရပါတယ်။

၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ်အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ ဒီဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုပြီးပါက ၂၀၁၅ ဧပြီ ၁ ရက်နေ့က စတင် ဥပဒေ အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013