DVB Logo
Home
မြန်မာသတင်း
ကလေး ၁ ဦးအပါအ၀င် မြန်မာအလုပ်သမား ၃ ဦး ထိုင်းတွင် အသတ်ခံရ
DVB
·
January 26, 2015
ကလေး ၁ ဦးအပါအ၀င် မြန်မာအလုပ်သမား ၃ ဦး ထိုင်းတွင် အသတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ချိုက်ပူရီမြို့နယ်မှာ ရာဘာခြံအလုပ်သမား ၃ ဦး အသတ်ခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (အမ်အေတီ)က ပြောပါတယ်။

[caption id="attachment_78653" align="alignright" width="511"]26 ဓာတ်ပုံ - MAT[/caption]

အသတ်ခံရတဲ့ အလုပ်သမား ၃ ဦးထဲမှာ အသက် ၁၃ နှစ်ရွယ် ကလေး ၁ ဦးပါ ပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက် ည ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာလို့ အမ်အေတီအဖွဲ့က ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေ ပစ်သတ်ခံရတဲ့သတင်း ကြားကြားချင်း နောက်တနေ့ မနက် ကျနော်တို့ အဲဒီကို ရောက်သွားပါတယ်။ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးပါတယ်။ တယောက်က အိမ်ပြင်မှာ၊ နောက် ၂ ယောက်က အိမ်ထဲမှာ။ ကျည်ဆံက နားအောက်၊ လည်ပင်း၊ ခေါင်းနဲ့ ရင်အုံတွေကို ထိတယ်၊ ဘာကြောင့် အပစ်ခံရလဲဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး။ အခု အလောင်းတွေကို ဆူရတ်ဌာနီဆေးရုံကနေ ထုတ်ပြီး ချယာဘုန်းကြီးကျောင်းမှာ ထားထားပါတယ်၊ ဗုဒ္ဓဟူးနေ့ သင်္ဂြိုဟ်ဖို့ စီစဉ်နေပါတယ်။”

သေဆုံးသူ ၃ ဦးမှာ အသက် ၂၇ နှစ်ရှိ ဦးကျော်ထူး၊ အသက် ၂၁ နှစ်ရှိ ကိုဆန်းမင်းနဲ့ အသက် ၁၃ နှစ်ရှိ မောင်ချစ်ဖူးတို့ ဖြစ်ပြီး အားလုံးဟာ မွန်ပြည်နယ် စက်စဲရွာကနေ ထိုင်းမှာ ရာဘာစေးခြစ်တဲ့အလုပ်ကို လာလုပ်နေကြတာလို့ သူက ဆက်ပြောပါတယ်။

အနီးအနားက နေထိုင်သူတွေ ပြောပြချက်အရ ဦးကျော်ထူးနဲ့ မောင်ချစ်ဖူးဟာ ညီအစ်ကိုရင်းတွေ ဖြစ်ပြီး အဲဒီရွာမှာဘဲ နေထိုင်ကြောင်း၊ ကိုဆန်းမင်းကတော့ လမဲရွာဘက်မှာနေပြီး သူတို့ဆီကို ညနေ ၆ နာရီလောက်က ရောက်လာကာ ည ၈ နာရီခွဲလောက်မှာ အမည်မသိ သေနတ်သမားက ပစ်သွားတာလို့ ဆိုပါတယ်။

လူသတ်မှုကို ဆူရတ်ဌာနီခရိုင် ချိတ်ပူရီရဲစခန်းက လိုအပ်သလို အရေးယူဖို့ ဆက်လက် စုံစမ်းနေသလို အမ်အေတီအဖွဲ့ကလည်း ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ဆီ ပေးပို့ခဲ့ပြီး သံရုံးရဲ့ စီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013