DVB Logo
Home
Lead Story
သပိတ်မှောက်ကျောင်းသားများ မြင်းခြံမြို့အ၀င် တားမြစ်ခံရ
DVB
·
January 25, 2015
သပိတ်မှောက်ကျောင်းသားများ မြင်းခြံမြို့အ၀င် တားမြစ်ခံရ
Donate to DVB

မန္တလေးမြို့ကနေ ရန်ကုန်ကို ချီတက်လမ်းလျှောက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ မြင်းခြံမြို့အ၀င် ညောင်ပင်ရွာမှာ မြို့နယ်ရဲတပ်ဖွဲ့က လာရောက်တားမြစ်တာ ခံရတယ်လို့ သပိတ်မှောက်ကျောင်းသားတွေက ပြောပါတယ်။

မြင်းခြံမြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ ညောင်ပင်ရွာမှာ ရဲတပ်က ရောက်လာပြီး  ပုဒ်မ ၁၈ နဲ့ အညီစာတင်ဖို့ ပြောကြားခဲ့ပေမယ့် ပြဿနာ  တစုံတရာမရှိဘူးလို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင် ကျောင်းသား မင်းသွေးသစ်ကပြောပါတယ်။

ဒီမိုကရေစီ ပညာရေးကို တောင်းဆိုနေတဲ့ ကျောင်းသားတွေဟာ မန္တလေးကနေ ချီတက်နေတာ တပတ်နီးပါးရှိလာပြီး လူ့ဘောင်သစ်လူငယ်တချို့နဲ့ ရဟန်းပျိုများသမဂ္ဂက သံဃာတချို့ ပူးပေါင်းပြီး ချီတက်နေပါတယ်။

အထက်ဗမာပြည်က သပိတ်မှောက်ကျောင်းသားတွေဟာ  အောက်မြန်မာပြည်က ချီတက်လာတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်မြို့မှာ ပေါင်းဆုပြီး သပိတ်စခန်းဖွင့်မယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013