DVB Logo
Home
မြန်မာသတင်း
အမျိုးသားအစားအသောက်ဥပဒေ အသစ်ပြန်ရေးဆွဲမည်
DVB
·
January 25, 2015
အမျိုးသားအစားအသောက်ဥပဒေ အသစ်ပြန်ရေးဆွဲမည်
1 / 5
Donate to DVB

ခေတ်နဲ့မလျော်ညီတော့တဲ့ အမျိုးသားအစားအသောက်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ စီစဉ်နေတယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားအစားအသောက်ဥပဒေကို ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ် မတ်လ ၃ ရက်နေ့က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တာပါ။

ဒါပေမယ့် ဒီဥပဒေက ခေတ်နဲ့လျော်ညီမှုမရှိတော့တာကြောင့် အသစ်ပြန်လည်ရေးဆွဲဖို့ စီစဉ်နေတဲ့အကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်ဟန်က ဒီဗွီဘီကို ပြောပါတယ်။

“အခု ဖေဖော်ဝါရီကစပြီးတော့ အစားသောက်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ ကျနော်တို့ ရှိပါတယ်။ ဥပဒေ ထွက်လာပြီဆိုရင်တော့ ဒီထက်ပိုပြီးတော့ စနစ်တကျ ဆောင်ရွက်နိုင်မှာပါ။”

အလားတူ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ယခင်ပြဋ္ဌာန်းထားရှိတဲ့ အမျိုးသား အစားအသောက်ဥပဒေမှာ ချို့ယွင်းချက်တွေရှိနေတဲ့အပြင် စားသုံးသူကာကွယ်ရေးဥပဒေကလည်း နည်းဥပဒေထွက်ရှိဖို့က ကြန့်ကြာမှုတွေရှိနေတယ်လို့  ပြောဆိုပါတယ်။

“အမျိုးသားအစားအသောက် ဥပဒေဆိုရင် ပုဒ်မ ၃၄ မှာ ဒီဥပဒေနဲ့ တရားစွဲမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် လိုတယ်ဆိုတော့ ဒါတွေက အဟန့်အတားရှိတယ်။ ခွင့်ပြုချက်တောင်းနေရတာ ကြာတယ်။ ပုဒ်မဖြုတ်ပေးဖို့ လွှတ်တော်တင်ဖူးတယ်၊ သိပ်ထူးခြားမလာဘူး။ အခု စားသုံးသူကာကွယ်ပေးရေ ဥပဒေလည်း ထွက်လာတယ်။ အဲဒါနဲ့ တရားစွဲဖို့ နည်းဥပဒေမထွက်သေးလို့ နည်းဥပဒေကို စောင့်နေတာပေါ့။ အဲဒါကို သက်ဆိုင်ရာက မြန်မြန် ထွက်အောင်လုပ်ဖို့။”

မြန်မာနိုင်ငံမှာ အစားအသောက်နဲ့ပတ်သက်တဲ့ ဥပဒေတွေ နည်းဥပဒေတွေထားရှိဖို့ လိုအပ်တဲ့အပြင် လုပ်ငန်းဆိုင်ရာအောင်မြင်ဖို့ကတော့ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဈေးကွက်အတွင်းမှာရောင်းချနေတဲ့ အစားအသောက်တွေနဲ့ပတ်သတ်လို့ စားသုံးရန်သင့် မသင့်ကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

အစားအသောက် ထုတ်လုပ်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် စားသုံးရန်မသင့်တဲ့ ကုန်စည်တွေကလည်း မကြာခဏ ထွက်ရှိနေတဲ့အတွက် အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းမှုတွေရှိနေတယ်လို့ ဝေဖန်မှုနေကြပါတယ်။

[gallery ids="78606,78607,78608,78610"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013