DVB Logo
Home
Lead Story
ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲ (ဓာတ်ပုံ)
DVB
·
January 25, 2015
Gallery image 1
1 / 7
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဒီနေ့ စတင်ဖွင့်လှစ် ကျင်းပနေပါတယ်။

ဒီနေ့ဖွင့်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယက ဦးတင်ဦး တက်ရောက်ခဲ့ပြီး ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေတဲ့ အစီအစဉ်တွေနဲ့အတူ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲမှာ အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရန်ကုန်က အောင်ဆန်းကွင်း၊ မြက်ခင်းတုကွင်းနဲ့ ပဒုမ္မာကွင်းတို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီနေ့ ပထမဆုံး အုပ်စုပွဲစဉ်တွေအဖြစ် ရုပ်ရှင်အစည်းအရုံးအသင်းနဲ့ နိုင်ကျဉ်းအသင်း၊ အန်အယ်လ်ဒီ (ခ) မေတ္တာရှင်အသင်းနဲ့ ဂီတ အသင်းတို့ အောင်ဆန်းကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။

တရက်ခြားစီကျင်းပသွားမယ့် နောက်နေ့အုပ်စု ပွဲစဉ်တွေမှာတော့ အန်အယ်လ်ဒီ (က) အသင်း၊ Talent Model FC အသင်း၊ ဇာတ်ပို့ဇာတ်ရံ  ကိုကိုများအသင်းတို့လည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပဒုမ္မာကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - National League for Democracy

[gallery ids="78591,78593,78594,78595,78596,78597,78598"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013