DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦးအတွက် ဆုတောင်းပွဲ ပြည်နယ်နှင့်တိုင်းတို့တွင် တပြိုင်တည်းပြုလုပ်
DVB
·
January 25, 2015
ကချင်ဆရာမ ၂ ဦးအတွက် ဆုတောင်းပွဲ ပြည်နယ်နှင့်တိုင်းတို့တွင် တပြိုင်တည်းပြုလုပ်
1 / 12
Donate to DVB

ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ကျောင်းဆရာမလေးနှစ်ဦး အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်ပြုဆုတောင်းပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေဦးဆောင်းပြီး ပြည်နယ်နဲ့တိုင်းအသီးသီးက မြို့နယ် ၁၃ ခုမှာ တပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

မြန်မာပြည်တောင်ဖျားပိုင်း မြိတ်က လူငယ် ၅၀ လောက်ဟာ မြောက်ဖျားပိုင်းမှာ အသတ်ခံလိုက်ရတဲ့ ဆရာမနှစ်ဦးအတွက် မြို့က သိမ်တော်ကြီးစေတီမှာ စုဝေးပြီး ၀တ်ပြုဆုတောင်းခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်သူ ကိုဥက္ကာမင်းက ပြောပါတယ်။

“ကျနော်နေတာက မြန်မာပြည်တောင်ဖျားပိုင်း မြိတ်မြို့မှာနေတယ်။ အခုဖြစ်တာက မြောက်ပိုင်းက ကလေးမလေးတွေဖြစ်ကြတာ။ ကျနော်တို့အနေနဲ့လည်း မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားတွေခံစားချက်နဲ့ ထပ်တူထပ်မျှ မြန်မာပြည်တောင်ပိုင်းက လူငယ်တွေမှာလည်း ခံစားရပါတယ်ဆိုတာ ဖော်ထုတ်ပြသတာပါ။”

မြိတ်မြို့က ဆုတောင်းပွဲကို မြို့ပေါ်မှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးက ပါတီဝင်တွေ တစုတစည်းတည်း တက်ရောက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

အလားတူဝတ်ပြုဆုတောင်းပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မဟာမြတ်မုနိဘုရားမှာ လူ ၅၀ လောက် စုဝေးလုပ်ဆောင်ခဲ့ကြပြီး ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရရော၊ ခရစ်ယာန်ဘာသာအစဉ်အလာအရပါ ၀တ်ပြုဆုတောင်းခဲ့ကြတယ်လို့ အဖွဲ့ချုပ်လူငယ် ကိုမျိုးက ပြောပါတယ်။

“လာရှိုးမဟာမြတ်မုနိဘုရားမှာ ဘုရားကြီးကျောင်းတိုက်ရှိ သံဃာတော်တွေကို ဆွမ်းကပ်တယ်၊ လှူဘွယ်ပစ္စည်းတွေလှူတယ်၊ ပြီးတော့ ခရစ်ယာန်ထုံးစံအတိုင်း ဘုရားကြီးကျောင်းတိုက်မှာပဲ ၀တ်ပြုဆုတောင်းပွဲလုပ်တယ်၊ ၀မ်းနည်းကြောင်း ၂ မိနစ်ငြိမ်တယ်၊ အဖွဲ့ချုပ်လူငယ်တွေရဲ့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာဖတ်ပြတယ်။”

အလားတူဝတ်ပြုဆုတောင်းပွဲတွေကို ကရင်၊ မွန်၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ ပြည်နယ်တိုင်းအသီးသီးက မြို့နယ် ၁၃ ခုမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆုတောင်းပွဲတွေမှာ လူသတ်တရားခံ ဖော်ထုတ်ပေးဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိရေး လုပ်ဆောင်ပေးဖို့တို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

ကချင်ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ဟာ ဇန်န၀ါရီလ (၁၉) ရက်က မူဆယ်ခရိုင်  ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကချင်ဆရာမ ၂ ဦးရဲ့ ဈာပနအခမ်းအနားကို ဇန်န၀ါရီ ၂၃ ရက်နေ့က မြစ်ကြီးနားမှာ ကျင်းပခဲ့ပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ပါတယ်။

မြိတ်မြို့ဆုတောင်းပွဲ (ဓာတ်ပုံ -National League For Democracy (Myeik)

[gallery ids="78568,78569,78570,78571,78572"]

မော်လမြိင်မြို့ဆုတောင်းပွဲ (ဓာတ်ပုံ - Nld Central)

[gallery ids="78573,78574,78575"]

ဘားအံမြို့ ဆုတောင်းပွဲ (ဓာတ်ပုံ - Nld Central)

[gallery ids="78577,78576"]

 လားရှိုးမြို့ ဆုတောင်းပွဲ

[gallery ids="78578,78579"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013