DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်ကို ရဟန်းပျိုများသမဂ္ဂ ပူးပေါင်းပြီ
DVB
·
January 25, 2015
ကျောင်းသားသပိတ်ကို ရဟန်းပျိုများသမဂ္ဂ ပူးပေါင်းပြီ
1 / 10
Donate to DVB

မန္တလေးကနေ ရန်ကုန်ကို ချီတက်နေတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ရဟန်းပျိုများသမဂ္ဂက ပူးပေါင်းပြီး ဆန္ဒပြ ချီတက်နေကြပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ ဒီနေ့ မနက်မှာ မန္တလေးတိုင်း နွားထိုးကြီးမြို့ကနေ မိုင် ၂၀ ဝေးတဲ့  မြင်းခြံမြို့ကို ချီတက်နေပါတယ်။

နွားထိုးကြီးမြို့အထွက်မှာတော့ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ချောက်မြို့နယ် ရဟန်းပျိုများသမဂ္ဂက သံဃာ ၅၆ ပါး ပူးပေါင်းပြီး ချီတက်နေပါတယ်။

ဒီမိုကရေစီ ပညာရေးကို တောင်းဆိုနေတဲ့ ကျောင်းသားတွေဟာ မန္တလေးကနေ ချီတက်နေတာ ဒီနေ့ပါဆိုရင် ၆ ရက်ရှိသွားပြီဖြစ်ပါတယ်။

အထက်ဗမာပြည်က သပိတ်မှောက်ကျောင်းသားတွေဟာ  အောက်မြန်မာပြည်က ချီတက်လာတဲ့ ကျောင်းသားတွေနဲ့ နောက်လလယ်လောက် ရန်ကုန်မြို့မှာ ပေါင်းဆုံပြီး သပိတ်စခန်းဖွင့်မယ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ကျောင်းသားတွေဟာ ရာသီဥတု ဆိုးရွားတာနဲ့ ခရီးပန်းတာကြောင့် နေထိုင်မကောင်းသူ တချို့လည်း လိုက်ပါလာပါတယ်။

ရန်ကုန်အခြေစိုက် ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကလည်း မြင်းခြံကနေ ရန်ကုန်ရောက်တဲ့အထိ ဆရာဝန်ဆေးဝါး ကူညီပံပိုးသွားမယ်လို့ သိရပါတယ်။

ဖြတ်သန်းရာ လမ်းတလျှောက်မှာ မြို့ရွာတွေက ကျောင်းသားတွေကို စောင့်ရှောက်ပေးတာ ရှိသလိုပဲ၊ ကျောင်းသားတွေကလည်း  ပြည်သူတွေကို ကျောင်းသားသပိတ်တွေနဲ့ ပူးပေါင်းကြဖို့ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေတဲ့ တနင်္သာရီတိုင်းဒေသက ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင်တွေဟာလည်း ထားဝယ်မြို့က နည်းပညာတက္ကသိုလ် ကွန်ပျူတာ တက္ကသိုလ် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ဇန်နဝါရီ ၂၀ ရက်နေ့ကတည်း က လှည့်လည် ဆန္ဒပြနေကြပြီး အထက်တန်းကျောင်းသား ကျောင်းသူတွေလည်း ပူးပေါင်းပါဝင်နေကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ အစိုးရထံ အချိန်ကန့်သတ်တောင်းဆိုခဲ့ကြပြီး သတ်မှတ်ချိန်ကျော်လွန်တဲ့အတွက် ရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က စတင်ခဲ့ကြတာပါ။

ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ

[gallery ids="78526,78527,78528,78529,78530,78531,78532,78533,78534,78535"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013