DVB Logo
Home
မြန်မာသတင်း
မယ်စကြာဝဠာ နောက်ဆုံးအဆင့်ပြိုင်ပွဲ မနက်ဖြန် ပြုလုပ်မည်
DVB
·
January 24, 2015
Donate to DVB

မြန်မာအလှမယ် ၀င်ပြိုင်နေတဲ့ Miss Universe (မယ်စကြာဝဠာ) နောက်ဆုံး အဆင့် ပြိုင်ပွဲကို ဇန်န၀ါရီ ၂၅ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

အစမ်းလေ့ကျင့်မှုတွေကို ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု မီယာမီမြို့မှာ ကျင်းပနေတဲ့ ၆၃ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲမှာ  နိုင်ငံပေါင်း ၈၈ နိုင်ငံက ၀င်ပြိုင်နေတဲ့အထဲမှာ မြန်မာကိုယ်စားပြု  သျှားထွဋ်အိန္ဒြာက ၀င်ပြိုင်နပါတယ်။

နောက်ဆုံးအဆင့် အစမ်းလေ့ကျင့်မှုတွေမှာ Swing suit round အတွက် top 15 ရွေးထုတ်ပြီးလေ့ကျင့်တာ၊ နောက်ဆုံးအဆင့် ၅ ယောက်ရွေးထုတ်တာတွေ၊  top 5 ရွေးထုတ်ပြီး လေ့ကျင့်တာတွေ၊ Crown ချီးမြှင့်ခြင်း အစမ်းလေ့ကျင့်ပွဲတွေ ပါဝင်ပါတယ်။

နောက်ဆုံးပွဲအတွက် လေ့ကျင့်မှုတွေကို မနက် ၁၀ နာရီကနေ ည ၉ အထိ တောက်လျှောက်ပြုလုပ်နေတယ်လို့ နေရှင်နယ် ဒါရိုက်တာ ဒေါ်စိုးယုဝေက ဖေ့ဘွတ်စာမျက်မှာ ရေးသားထားပါတယ်။

ဒီလေ့ကျင်မှုတွေမှာ  မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာက အကောင်းဆုံး လေ့ကျင့်သွားနိုင်တယ်လို့  Miss Universe Orgaization ရဲ့လေ့ကျင့်ရေးအရာရှိချုပ် Ms. Lu က ချီးကျူးထားပါတယ်။











[gallery ids="78489,78490,78491,78492,78494"]







Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013