DVB Logo
Home
နိုင်ငံတကာ
အီရန် နျူကလီးယားစက်ရုံ ဝန်ထမ်း ၁၉၈ ဦးကို ရုရှားက ထပ်ရွှေ့
DVB
·
April 5, 2026
Photo:  Planet Labs PBC/Handout via REUTERS/File Photo
Photo: Planet Labs PBC/Handout via REUTERS/File Photo
Donate to DVB

ရုရှားက အီရန်နိုင်ငံ ဘူရှာနျူကလီးယားစက်ရုံက ဝန်ထမ်း ၁၉၈ ယောက်ကို ဧပြီ ၄ ရက်မှာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ရိုဆာတွန်မ်ရဲ့ အကြီးအကဲ အလက်ဇီလီခါချက်ဗ်က ပြောပါတယ်။

ဖေဖော်ဝါရီလကုန်မှာ အီရန်စစ်ပွဲ စဖြစ်ချိန်ကစပြီး ရိုဆာတွန်မ်ဟာ စက်ရုံဝန်ထမ်းတွေကို ရွှေ့နေခဲ့တာပါ။

စက်ရုံရဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ရေး ဝန်ထမ်းတယောက် ဒုံးကျည်အပိုင်းအစတခုကြောင့် သေဆုံးခဲ့ပြီး အဆောက်အအုံတခုလည်း တုန်ခါမှုလှိုင်းတွေနဲ့ အပိုင်းအစတွေကြောင့် ထိခိုက်ခဲ့ရတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ပြောပါတယ်။

သေဆုံးသွားတဲ့ ဝန်ထမ်းဟာ အီရန် နိုင်ငံသား တယောက်ဖြစ်တယ်လို့လည်း လီခါချက်ဗ်က ပြောပါတယ်။

ရိုဆာတွန်မ်ဟာ စက်ရုံနဲ့ပတ်သက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို အကြောင်းကြားခဲ့တယ်လို့လည်း လီခါချက်ဗ်က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013