DVB Logo
Home
မြန်မာသတင်း
မဘသကျောင်း ဗုံးခြိမ်းခြောက်မှု မလေးရှားဖုန်းဖြစ်
DVB
·
January 24, 2015
မဘသကျောင်း ဗုံးခြိမ်းခြောက်မှု မလေးရှားဖုန်းဖြစ်
Donate to DVB

မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမကျောင်းတိုက်ဆရာတော်ထံ ဖုန်းနဲ့ ခြိမ်းခြောက်စကားပြောခဲ့တဲ့ဖုန်းဟာ ၀၀-၆၀ နဲ့ ၀င်လာတာလို့ ဆရာတော်ရဲ့ တပည့် ဦးဝိမလက ပြောပါတယ်။

၀၀-၆၀ ဟာ မလေးရှားဖုန်းဖြစ်ပြီး အင်းစိန်မြို့နယ် ရွာမဘုန်းကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကို ကျောင်းဝင်းအတွင်း ဗုံးထောင်ထားတယ်လို့ ဖုန်းဆက်ခြိမ်းခြောက်မှု မနေ့ည ၁၁ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။

ဒီခြိမ်းခြောက်မူကြောင့် သက်ဆိုင်ရာက ရှာဖွေရေးကိရိယာတွေနဲ့ ၀င်ရောက်ရှာဖွေခဲ့ပေမယ့် တစုံတရာ မတွေ့ရဘူးလို့ အင်းစိန်မြို့နယ်စခန်းမှူး ဒုရဲအုပ် မျိုးမြင့်ကြိုင်က ပြောပါတယ်။

ခြိမ်းခြောက်ခံရတဲ့ အင်းစိန်ရွာမကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တတိလောကာ ဘိဝံသဟာ မဘသ ဥက္ကဋ္ဌ ဖြစ်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေတင်သွင်းရာမှာ ဦးဆောင်ပါဝင်သူ ဖြစ်ပါတယ်။

ဗုံးခြိမ်းခြောက်မှုဖုန်း အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013