DVB Logo
Home
မြန်မာသတင်း
ထိုင်းအထူးစီးပွားရေးဇုန်တွင် မြန်မာများကို နယ်စပ်ဖြတ်ပြီး လုပ်ခွင့်ပြုမည်
DVB
·
January 24, 2015
ထိုင်းအထူးစီးပွားရေးဇုန်တွင် မြန်မာများကို နယ်စပ်ဖြတ်ပြီး လုပ်ခွင့်ပြုမည်
Donate to DVB

မြန်မာနိုင်ငံ မြ၀တီမြို့တဖက်ကမ်းက တာ့ခ်ခရိုင်အပါအ၀င် ထိုင်းနိုင်ငံမှာ အထူးစီးပွားရေးဇုန် (၁၂) ခု ဖွင့်လှစ်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေက နေ့ချင်းပြန်အလုပ်သမားတွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေးကြပါတယ်။

အထူးသဖြင့် ပထမဆုံး နမူနာအဖြစ်ဖွင့်လှစ်မယ့် တာ့ခ်ခရိုင်မှာ တဘက်နိုင်ငံက လုပ်သားတွေ တရားဝင်လာရောက်လုပ်ကိုင်နိုင်ရေး ဥပဒေရေးရာကိစ္စကို မနေ့က  ဘန်ကောက်မှာကျင်းပတဲ့  အထူးစီးပွားရေးဇုန် အလုပ်သမားစီမံခန့်ခွဲရေးဆွေးနွေးပွဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်းနခွန်း ဆီလ်ပအားချားက ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းအေဂျင်စီက ဖော်ပြပါတယ်။

[caption id="attachment_32718" align="aligncenter" width="610"]ထိုင်းနိုင်ငံ စခံလဘူရီခရိုင်အတွင်းရှိ အထည်ချုပ်စက်ရုံတရုံ (ဓာတ်ပုံ-ရိုက်တာ) ထိုင်းနိုင်ငံ စခံလဘူရီခရိုင်အတွင်းရှိ အထည်ချုပ်စက်ရုံတရုံ (ဓာတ်ပုံ-ရိုက်တာ)[/caption]

အထူးစီးပွားရေးဇုန် စက်ရုံအလုပ်ရုံတွေမှာ တဘက်နိုင်ငံက နေ့ချင်းပြန်အလုပ်သမားတွေ တရားဝင်ခန့်ထားနိုင်အောင် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းဖို့ ၀န်ကြီးများအဖွဲ့ကို တင်ပြထားတယ်လို့ သူက ပြောပါတယ်။

နယ်စပ်က မနက်သွား- ညပြန်အလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်းပိုင်းကို မ၀င်နိုင်အောင် တားဆီးရေး၊ ကျန်းမာရေး ၀န်ဆောင်မှု၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်း၊ အလုပ်သမား ရပိုင် ခွင့်နဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတို့အတွက် စီမံခန့်ခွဲရေးကော်မတီ၊ ဆပ်ကော်မတီဖွဲ့စည်းရေး ကိစ္စတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ခရိုင်ပေါင်း ၁၀  ခုထဲမှာ အထူးစီးပွားရေးဇုန် ၁၂ နေရာ ဖွင့်လှစ်မယ့် ဒီစီမံကိန်းတွေကို ယခင်အစိုးရတွေ လက်ထက်က ချမှတ်ခဲ့ကြတာဖြစ်ပြီး အာဆီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ) အမီ ဒီ ၂၀၁၅ ခုနှစ်ကုန်ပိုင်းမှာ စတင်ဖို့ ၀န်ကြီးချုပ် ပရယုဒ် ကျန်အိုးချားက ပြောခဲ့ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန်ယူမှုနဲ့ အထူးစီးပွားရေးဇုန် ဖွင့်လှစ်မယ့် ခရိုင်တွေကတော့ တာ့ခ်ခရိုင်၊ ချင်းရိုင်းခရိုင်၊ ဆရကျောဝ့်၊ တရတ်၊ မုဒ်တာဟန်၊ ဆုန်ခလာ၊ နခွန်းဖနုန်၊ နောင်ခိုင်း၊ ကန်ကျနပူရီ နဲ့ နရသီဝပ်တို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ  ကရင်ပြည်နယ် မြ၀တီမြို့တဖက်ကမ်းက မြန်မာတွေ အများအပြား လုပ်ကိုင်နေကြတဲ့ မဲဆောက်မြို့နယ် တာ့ခ်ခရိုင်က ဦးစားပေးဖြစ်ပြီး  ပြီးတော့မှ အလန်ပထစ်မြို့နယ် ဆရကျောဝ့်ခရိုင်၊ ဆဒေါင်းမြို့နယ် ဆုန်လာခရိုင်၊ တလတ်ခရိုင် နဲ့ မုဒ်တာဟန် ခရိုင်တွေမှာ ဖွင့်လှစ်သွားဖို့ရှိပြီး ကော်မတီကြီး ၃ ဖွဲ့က ဦးစီး စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို မနှစ် သြဂုတ်လကုန်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အထူးစီးပွားရေးဇုန်လို့ သတ်မှတ်ထားတဲ့ ခရိုင်တွေမှာ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံသားတွေက ဒီဖြတ်သန်းခွင့်ကို ရရှိကြမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနက အမြဲတမ်း အတွင်းရေးမှူးက ပြောခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်တဘက်ခြမ်းက တပ်ခ်၊ မူဒါဟန်၊ ဆွန်ခလာ၊ ထရပ်နဲ့ ဆာကယောက် မြို့တို့မှာ မနက်ပိုင်း ကားနဲ့ လာရောက် လုပ်ကိုင်ပြီး ညနေမှာ ပြန်နိုင်အောင် ရွှေ့ပြောင်းအလုပ်သမားတွေကို ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ လုပ်အားခ၊ အကျိုးခံစားခွင့်၊ နေရေး ထိုင်ရေးတွေကိုလည်း လုပ်ဆောင်ပေးမှာ ဖြစ်သလို လူကုန်ကူးမှုကို တိုက်ဖျက်နိုင်မှာဖြစ်ကြောင်း၊ အာဆီယံ စီးပွားရေး အသိုင်းအ၀န်းအတွက် ပြင်ဆင်မှု တခုဖြစ်သလို ၀န်ကြီးဌာနကလည်း ထိုင်းအလုပ်သမား စံချိန်စံနှုန်းနဲ့ အလုပ်သမား ဆက်ဆံရေးကို ဦးတည် ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013