DVB Logo
Home
မြန်မာသတင်း
အင်တာနက်အတွက် ဂျပန်ယန်းငွေ ၁၀.၅၀၀ ဘီလီယံချေးရန် လွှတ်တော်သဘောတူ
DVB
·
January 24, 2015
Donate to DVB

မြန်မာပြည်အင်တာနက်လိုင်းတွေကောင်းမွန်အောင် လုပ်ဆောင်ပေးရေးအပါအ၀င် ဆက်သွယ်ရေး ကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့  ဂျပန်ကချေးယူမယ့် ယန်း ၁၀.၅၀၀ ဘီလီယံကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

သမ္မတပေးပို့ထားတဲ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ထံမှ ဂျပန်ယန်း ၁၀.၅၀၀ ဘီလီယံ ချေးယူခွင့်ကိစ္စနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေ မနေ့က ဆွေးနွေးအတည်ပြုခဲ့တာပါ။

အရင် နိုင်ငံခြားချေးငွေယူမယ့်ကိစ္စရပ် အတော်များများကို ကန့်ကွက်ဆွေးနွေး စောဒကတက်လေ့ရှိတဲ့ ပြည်ထောင်စုလွှတ်တော်က ဒီတကြိမ်မှာတော့ ကန့်ကွက်သူမရှိဘဲ သဘောတူလိုက်တာလည်း ဖြစ်ပါတယ်။

အင်တာနက်လိုင်းကောင်းဖို့ကိစ္စဖြစ်တာနဲ့ ချေးမယ့် ဂျပန်အဖွဲ့အစည်းကို ယုံကြည်တဲ့အတွက် အခုလို သဘောတူလိုက်တာလို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ချေးငွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ အင်တာနက်လိုင်းတွေကောင်းအောင်အဓိက သုံးမှာကိုး၊ နောက်တခုက ဂျိုက်ကာက ချေးငွေကျတော့ ပစ်စလက်ခတ်မချေးဘဲ တကယ်ထိရောက်တဲ့နေရာတွေမှာပဲ ချေးတာဆိုတော့ နာမည်ကောင်းလည်းရှိတယ်လေ၊ ပြီးတော့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသောင်းတင်ကလည်း ဒီချေးငွေတွေကို အော်ပရေတာတွေဆီကတဆင့် ပြန်ဆပ်နိုင်ပါတယ်လို့လည်း ပြောတယ်လေ။”

လက်ရှိမှာ ဂျပန်အစိုးရဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ အကျိုးတူပူးပေါင်း လုပ်ဆောင်နေတာပါ။

သမ္မတဦးသိန်းစိန်ကတော့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ အခု ဘဏ္ဍာနှစ်အတွင်း ဆက်သွယ်ရေးအော်ပရေတာတွေဆီက လိုင်စင်ကြေးမရလို့ တိုင်းပြည်ဝင်ငွေ ကျဆင်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013