DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦး ဈာပနအခမ်းအနား လူထုသောင်းချီ တက်
DVB
·
January 23, 2015
ကချင်ဆရာမ ၂ ဦး ဈာပနအခမ်းအနား လူထုသောင်းချီ တက်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ စေတနာ့ဝန်ထမ်း ဆရာမလုပ်ရင်း အသတ်ခံခဲ့ရတဲ့ ကချင်အမျိုးသမီးငယ်  ၂ ဦးရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမှာ ကျင်းပရာမှာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တက်ရောက်ပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့ညနေက မူဆယ်ဆေးရုံကနေ အလောင်းသယ်လာတဲ့ယာဉ်တန်းဟာ  မြစ်ကြီးနားမြို့ကို မနက်ဆယ်နာရီထိုးမှာ ရောက်ရှိခဲ့ပါတယ်။

[caption id="attachment_78349" align="alignright" width="349"]Namhkai Hka ဓာတ်ပုံ (Namhkai Hka ဖေ့ဘွတ်)[/caption]

ရန်ကုန်ကနေ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ဈာပနကို သွားရောက်တဲ့ အမျိုးသမီးအဖွဲ့က ဒေါ်လှလှစိုးက  “လမ်းတလျှောက်မှာတော့ ဆရာ ၂ ဦးကို ဂါရ၀ပြုကြတယ်။ နောက် လက်ထဲမှာလည်း မတရားမှုကို ချက်ချင်း ဖော်ထုတ်ကြတို့၊ အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်ရေး စာတန်းတွေ ကိုင်ဆောင်ထားတာကိုလည်းတွေ့ရတယ်။”

မြစ်ကြီးနားက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဝင်းကနေ တပ်ကုန်းအထိ အလောင်းတွေကို လူနဲ့သယ်ဆောင်ခဲ့ပြီး တပ်ကုန်းအရောက်မှာ အလောင်းတွေကို ကားနဲ့ နောင်နန်းရပ်ကွက်ကို ဆက်လက်သယ်ဆောင်ခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက် ဒီဗွီဘီသတင်းထောက် ဒေါ်သင်းသင်း နွယ်က ပြောပါတယ်။

“နောင်နန်းမှာ ဆုတောင်ပွဲလုပ်ပြီး အမျိုးသမီးကွန်ရက်က ပေးပို့တဲ့သ၀ဏ်လွှာတွေ ဖတ်ပြီးမှ  မြေချတာပေါ့နော်။”

ဆုတောင်းဝတ်ပြုတဲ့ အခမ်းအနားကို နောင်နန်းရပ်ကွက်က  အေဒီ ၂၀၀၀ ခန်းမမှာ ကျင်းပပြီး ဂျော်ဘွမ်သုဿသာန်ကို သယ်ဆောင်ကာ ညနေ ၄ နာရီလောက်မှာ မြေမြုပ်သင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်လှလှစိုးကလည်း “ကျမတို့ အမျိုးသမီးအဖွဲ့ကတော့ နိုင်ငံတော်ကနေပြီးတော့ အမြန်ဆုံး ဖော်ထုတ်ပေးပြီးတော့ လွတ်လပ်ပြီးတရားမျှတတဲ့ စုံစစ်းရေးကော်မရှင်ဖွဲ့ဖို့၊ အဲဒီလိုဖွဲ့တဲ့ အခါမှာလည်း အမျိုးသမီးအဖွဲ့တွေပါဝင်ဖို့ ကျမတို့ တောင်းဆိုထားပါတယ်” လို့ပြောပါတယ်။

ကျောင်းဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင်တို့ဟာ ဇန်န၀ါရီလ (၁၉) ရက်က မူဆယ်ခရိုင်  ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီဆရာမ နှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာများအဖွဲ့ချုပ်က  ဒီလုပ်ရပ်ဟာ ကာယကံရှင်ဆရာမ ၂ ဦးသာမက တိုင်းပြည်အနာဂတ်၊ ပညာရေးကဏ္ဍ တခုလုံးနဲ့ ဆရာ၊ ဆရာမ အားလုံးရဲ့ဘ၀တွေကို လုပ်ကြံသတ်ဖြတ်တဲ့ ရာဇ၀တ်မှုအဖြစ် ရှုမြင်ကြောင်းနဲ့ ကျူးလွန်သူ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ပါတယ်။

ကျူးလွန်သူ၊ အဖွဲ့အစည်းကို တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာ မှုရှိစွာ အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ မှန်ကန်လွတ်လပ်တဲ့ တရားစီရင်ရေး ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013