DVB Logo
Home
မြန်မာသတင်း
ဦးဝီရသူကို တရားစွဲမယ်ဆိုတာ မမှန်ဟု သာသနာရေးရှင်း
DVB
·
January 23, 2015
ဦးဝီရသူကို တရားစွဲမယ်ဆိုတာ မမှန်ဟု သာသနာရေးရှင်း
Donate to DVB

ဆရာတော် ဦးဝီရသူကို အရေးယူဖို့ မန္တလေးတိုင်းသာသနာရေးဦးစီးဌာန တာဝန်ရှိသူတွေ မစိုးရိမ်တိုက်သစ် ကျောင်းဆရာတော်ဘုရားကြီးထံ သွားရောက်လျှောက်ကြားတယ်ဆိုတဲ့ ကောလာ ဟလဟာ မှန်ကန်မှု မရှိဘူးလို့ သာသနာရေးဦးစီးဌာနက ပြောပါတယ်။

အင်တာနက်စာမျက်နှာမှာ သာသနာရေးဌာနရဲ့ ညွှန်ကြားချက်အရ မနေ့မနက် ၁၁ နာရီလောက်က မန္တလေးတိုင်း သာသနာရေးအရာရှိများ မစိုးရိမ်တိုက်သစ် ပဌမ မဟာ နာယက ဆရာတော် ဘုရားကြီးထံ လာလျှောက်နေကြောင်းနဲ့ ဦးဝီရသူကို သာသနာညှိုးနွမ်းမှု စွဲဆိုမယ့်အကြောင်း ဖော်ပြပါတယ်။

ဒီဖော်ပြချက်နဲ့ပတ်သက်လို့ ကိုယ်တိုင်သွားရောက်လျှောက်ကြားတဲ့ မန္တလေးတိုင်း ဒုတိယသာသနာရေးမှူး ဒု- ညွှန်ကြားရေးမှူး ဦးကျော်လှိုင်ကို မေးမြန်းရာမှာ အဲဒီကိစ္စလျှောက်ကြားတာ မဟုတ်ပါဘူးလို့ ဖြေဆိုပါတယ်။

“မဟုတ်ဘူးဗျ၊ ကျနော်တို့က ဆရာတော့်ပူဇော်ပွဲကိစ္စသွားကြတာပါဗျ။ ဖေဖော်ဝါရီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာလုပ်မယ့် ပူဇော်ပွဲကိစ္စ အဲဒါလေး ဆရာတော်ကြီးဆီ ခေါ်လို့ သွားတာပါဗျာ။ဆရာတော်ကြီး ဦးကေသရ ဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှာ စာအောင်သံဃာတော်တွေ ပူဇော်ဖို့လေ၊ ဘွဲ့နှင်းသဘင်သဘောမျိုးပေါ့။ ဆရာတော်တွေနဲ့လည်း တွေ့ပါတယ်။ ဒီနေ့လည်း ၁ နာရီ အစည်းအဝေးရှိပါတယ်။ ဒီနေ့အစည်းအဝေးခေါ်ဖို့ကို ကြိုတင်ပြီး သွားလိုက်တာပါဗျာ။ သတင်းမှာဗျာ (အင်တာနက်သတင်းကို ညွန်းဆို) အဲဒီလို။ ကျနော်တို့တော့ ဘာမှ မရှိပါဘူး။”

ဆရာတော် ဦးဝီရသူကို မေးမြန်းလျှောက်ရာမှာ “မနေ့က နေ့ဆွမ်းစားပြီးချိန် ၁၁ နာရီခွဲလောက်လာသွားတယ်။ အဲဒီအကြောင်းအရာတော့ ဦးဇင်းလည်း ဆရာတော်နဲ့ မတွေ့သေးဘူး။ဆရာတော်လည်း ဦးဇင်းကို ခေါ်ပြောတာတွေ မရှိဘူး။ အခု အဲလို (တရားစွဲဖို့) ယူဆနေကြတာပေါ့နော်။ ဦးဇင်းကလည်း ဆရာတော်ကို မလျှောက်ရဲဘူး။ ဆရာတော်နဲ့လည်း အခန်းထဲမှာ တွေ့တာဆိုတော့လေ ဘာတွေ ပြောတယ်ဆိုတာ ဦးဇင်းမသိဘူး” လို့ မိန့်ကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013