DVB Logo
Home
မြန်မာသတင်း
ဒေါက်တာစင်သီယာမောင် တောင်ကိုရီးယား လူမှုပရဟိတဆုရရှိ
DVB
·
January 22, 2015
ဒေါက်တာစင်သီယာမောင် တောင်ကိုရီးယား လူမှုပရဟိတဆုရရှိ
1 / 5
Donate to DVB

မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကို တောင်ကိုရီးယားအခြေစိုက် POSCO TJ Park ဖောင်ဒေးရှင်းက အများအကျိုး ထူးထူးချွန်ချွန်ဆောင်ရွက်သူတွေကို ပေးအပ်တဲ့  လူမှုဖွံ့ဖြိုးရေးနဲ့ ပရဟိတ ဆုရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို နှစ်ပေါင်းများစွာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာပါ။

၂၀၀၅ ခုနှစ်အတွက်  POSCO TJ Park  ဆုကို  ဒေါက်တာစင်သီယာမောင်နဲ့ အင်ဒိုနီးရှားနိုင်ငံက The Bina Swadaya Foundation တို့က ပူးတွဲရရှိကြောင်း  ဇန်န၀ါရီလ ၆ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး ဆုကြေး ကိုရီးယားဝမ်ငွေသန်း ၂၀၀  (အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀) ကို  ခွဲဝေယူရမှာပါ။

ဒီဆုရရှိတဲ့အပေါ် ဒေါက်တာစင်သီယာမောင်က “လူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ ကျမတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အသိအမှတ်ပြုမှုနဲ့ အားပေးမှုတွေလို့ ခံစားရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဆုရရှိတဲ့ငွေတွေကို ဆေးခန်းဆောက်လုပ်တဲ့ လုပ်ငန်းတွေနဲ့ လိုအပ်နေတဲ့ ပစ္စည်းကိရိယာ ပံ့ပိုးမှုတွေအတွက် အသုံးပြုမယ်လို့လည်း ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

ဒီဆုကို လာမယ့်မတ်လမှာ ချီးမြှင့်မှာဖြစ်ပြီး ဒေါက်တာစင်သီယာမောင်အနေနဲ့ ဆုကို ကိုယ်တိုင် သွားရောက်လက်ခံဖို့ အစီစဉ်ရှိနေပါတယ်။

POSCO TJ Park Foundation ကို ၁၉၇၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဆုတွေကိုတော့ ၂၀၀၆ ခုနှစ်ကစတင်ပြီး သိပ္ပံနည်းပညာ၊ ပညာရေး၊ လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းလုပ်ဆောင်သူဆိုပြီး အမျိုးအစား ၃ မျိုးခွဲပြီး နှစ်စဉ်ရွေးချယ်ပေးအပ်တာပါ။

ဒေါက်တာစင်သီယာမောင်ဟာ  ၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း  ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းကပေးတဲ့  ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသလို အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စား ခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆု၊ တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှသူရဲကောင်းဆု၊ ဆွစ်ဇာလန်နဲ့ အမေရိကန် ကျန်းမာရေးအဖွဲ့တွေက ချီးမြှင့်တဲ့ ဂျိုနသန်မန်းဆုတွေ ပါအ၀င် ဆုပေါင်း၂၀ ခန် ချီးမြှင့်ခံခဲ့ရပြီဖြစ်ပါတယ်။

[gallery ids="78158,78159,78160,78161,78162"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013