DVB Logo
Home
မြန်မာသတင်း
ရေနံဈေးကျဆင်းမှုဂယက် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ရိုက်ခတ်
DVB
·
January 22, 2015
ရေနံဈေးကျဆင်းမှုဂယက် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် ရိုက်ခတ်
1 / 2
Donate to DVB

ကမ္ဘာ့ရေနံဈေးကျဆင်းမှုကြောင့် မြန်မာ့သဘာဝဓာတ်ငွေ့ ဈေးနှုန်းအပေါ် သက်ရောက်မှုရှိပြီး တိုင်းပြည်ဝင်ငွေ လျော့ကျမှုရှိလာနိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးအောင်ထူးက ပြောကြားလိုက်ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ကမ္ဘာ ရေနံစိမ်ဈေးတွေကျနေတဲ့အပေါ် အစိုးရရဲ့  ထိန်းညှိဆာင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာပြောသွားတာပါ။

[caption id="attachment_78131" align="alignright" width="377"]1510849_774225349318950_1002916326990926201_n ဒေါ်တင်နွယ်ဦးနှင့် ဦးအောင်ထူး[/caption]

မြန်မာ့သဘောဝ ဓာတ်ငွေ့စီမံကိန်းတွေ ရဲ့ ပြည်ပ ဓာတ်ငွေ့ရောင်း ချရမှုသဘောတူ စာချုပ်အရ ဓာတ်ငွေ့ဈေးနှုန်းတွေ တွက်ချက်ရာမှာ စင်ကာပူနိုင်ငံရဲ့ လစဉ်ရေနံဈေးနှုန်းရဲ့ ပြီးခဲ့တဲ့ ၁ နှစ် အတွင်း ပျမ်းမျှဈေးနှုန်းကို ထည့်တွက်ချက် တာဖြစ်လို့  ရေနံဈေးကျဆင်းမှု ဟာ မြန်မာ့ ဓာတ်ငွေ့ ဈေးနှုန်း အပေါ်မှာ သက်ရောက်မှုရှိစေပြီး ၀င်ငွေလျော့ကျလာမယ်လို့ ဒု-၀န်ကြီးက ပြောသွားတာပါ။

Ministry of Energy, Myanmar's Photosဒါပေမယ့် ရေနံဈေးကျမှုဂယက်ကြောင့် တိုင်းပြည်ဝင်ငွေ ပမာဏ ဘယ်လောက်ထိ လျော့နည်း ကျဆင်းသွားမယ်ဆိုတာကိုတော့ တိတိကျကျ  ထုတ်ဖော် ပြောကြာခဲ့ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့တရုတ်နိုင်ငံတွေကို သဘာဝဓာတ်ငွေ့ အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး ဓာတ်ငွေ့ရောင်းချမှုကရတဲ့ဝင်ငွေဟာ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေ စုစုပေါင်းရဲ့၃၀ ရာခိုင်နှုန်းလောက်ရှိနေတာပါ။

အခု ၂၀၁၅ မှာတော့  မြန်မာနိုင်ငံအနေနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရမယ်လို့ မူလက ခန့်မှန်းတွက်ချက်ထားမှုတွေလည်း ရှိပါတယ်။

စွမ်းအင် ဒုဝန်ကြီး ဦးအောင်ထူးကတော့ မြန်မာ့ရေနံရှာဖွေရေးလုပ်ငန်းတွေဟာ လက်ရှိ အလား အလာကောင်းနေပေမယ့် ကမ္ဘာ့ရေနံဈေးကျဆင်းမှုကြောင့် ရှာဖွေထုတ်လုပ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှုတွေ အနည်းငယ်နှေးကွေးသွားနိုင်တယ်လို့ လွှတ်တော်မှာ ပြောပါတယ်။

ဒါပေမယ့် ရွှေနဲ့ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွေကနေ အခုနှစ်မှာ ဓာတ်ငွေ့ သတ်မှတ်ပမာဏ အပြည့်ထုတ်နိုင်တာကြောင့် ဈေးကျနေပေမယ့် အရင်နှစ်တွေကထက် ၀င်ငွေ အနည်းငယ်ပိုနိုင်တဲ့အကြောင်းနဲ့ သဘာဝဓာတ်ငွေ့ကို နိုင်ငံတကာဈေးနဲ့ဝယ်ပြီး ပြည်တွင်းမှာ ဈေးသက်သက်သာသာနဲ့ပြန်ရောင်းပေးနေတဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စိုက်ထုတ်နေရတဲ့ ကုန်ကျငွေနည်းသွားနိုင်မယ်လို့ ၀န်ကြီးကဆိုပါတယ်။

ကမ္ဘာ့ရေနံဈေးဟာ ထုတ်လုပ်မှုများပြီး ၀ယ်လိုအားတက်မလာတဲ့အတွက် ရေနံစိမ်းတစည်ကို မနှစ်က အမေရိကန် ဒေါ်လာ ၁၀၀ အထက်မှာရှိနေရာက  လက်ရှိပေါက်ဈေး ၁ စည်ကို  ၄၈ ဒေါ်လာနီးပါးထိ ထိထိုးကျနေတာပါ။

ရေနံဈေး ခုလို ကျဆင်းနေတဲ့ကာလမှာ ပြည်ပကနေ ဒီဇယ်ဆီတွေကို မဟာဗျူဟာ အရန်ဆီ အဖြစ် ၀ယ်ယူသိုလှောင်ပါက ကာလတိုအကျိုးအမြတ်ရနိုင်တဲ့အတွက် ဆောင်ရွက်ခွင့်ပြုဖို့ အစိုးရထံ အကြံပြု တင်ပြထားတယ်လို့  စွမ်းအင်ဒုဝန်ကြီးက လွှတ်တော်မှာ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ရေနံဈေးကျဆင်းမှုကတစ်ဆင့် သဘာဝဓာတ်ငွေ့ ရောင်းချမှု ၀င်ငွေထိခိုက်လာတာ၊  နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီတွေကရတဲ့ လုပ်ငန်းလိုင်စင်ကြေး ရငွေနည်းသွားတာတွေကြောင့်  တိုင်းပြည်ဘတ်ဂျတ်ရေးဆွဲရာမှာ အခက်အခဲအကျပ် အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဇန်န၀ါရီလ ၁၄ ရက် ဘဏ္ဍာရေးကော်မရှိင် အစည်း အဝေးမှာ ပြောသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013