DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားအဖွဲ့ ကျောက်ဆည်တွင် တားမြစ်ခံရ
DVB
·
January 22, 2015
သပိတ်မှောက်ကျောင်းသားအဖွဲ့ ကျောက်ဆည်တွင် တားမြစ်ခံရ
1 / 11
Donate to DVB

မန္တလေးမြို့ကနေ ကျောက်ဆည်မြို့မှာ ညအိပ်တည်းခိုနေတဲ့ သပိတ်မှောက်ကျောင်းသားအဖွဲ့ကို ဒီနေ့မနက်ပိုင်းက နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက လာရောက်ပြီး ဆက်လက်ထွက်ခွာခြင်းမပြုဖို့ တားမြစ်ခဲ့တယ်လို့ ကျောင်းသားသပိတ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“ကျနော် အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ဦးသံခဲရဲ့ မိဘအိမ်မှာတည်းတာပါ။ အဲဒီကနေပြီးတော့မှ ကျနော်တို့ ထွက်လာပြီ။ မထွက်ခင်ကတော့ နယ်၊ လုံကနေ ပြီးတော့ အရာရှိတယောက် ရောက်လာပြီးတော့ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး သွားလာနေတာကို ဥပဒေကြောင်းအရ ခွင့်ပြုချက် တင်သင့်တဲ့ကြောင်းပေါ့။ ကျနော်တို့ကတော့ မတင်ဘူးဖြေပါတယ်။ နောက်တခုကတော့ သမ္မတကိုယ်၌က လွှတ်တော်ကို အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းနေပြီဖြစ်တဲ့အတွက် စောင့်ကြည့်သင့်တယ်ပေါ့။ ဒါက လွှတ်တော်အပိုင်းကိစ္စဖြစ်တယ်ဆိုတာ လာပြောတယ်။”

ကျောင်းသားတွေဘက်ကတော့ သူတို့အနေနဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆိုထားပြီး သူတို့လိုချင်တဲ့ ပြုပြင်ပြောင်းလဲမှုရမှသာ ရပ်တန့်မယ်လို့ ပြောဆိုတဲ့အတွက် လာရောက်တားမြစ်တဲ့အဖွဲ့ ပြန်သွားကြတယ်လို့ ပြောပါတယ်။

တည်းခိုတဲ့အိမ်ကနေ မထွက်ခင် တည်းခိုတဲ့အိမ်ဟာ ၆၂ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးစိုးဝင်းမောင်ဖြစ်တဲ့အတွက် အလေးပြုပြီးမှ ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။ နည်းပညာသက္ကသိုလ် (ကျောက်ဆည်) မှာ ဟောပြောစည်းရုံးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ နည်းပညာတက္ကသိုလ်ရှေ့ရောက်တဲ့အခါ တရားဟောလှုံ့ဆော်မှုလုပ်တယ်။ ပထမပိုင်းက ကျောင်းတံခါး ပိတ်ထားတယ်။ နောက်ဆရာတယောက်က ထောက်ခံစကားပြောတယ်။ ဒီလိုဟောပြောပြီးအချိန် ကျောင်းတံခါးပြန်ဖွင့်တယ်။ ကျနော်တို့ရဲ့ ဖိတ်ခေါ်မှုကြောင့် ကျောင်းသား ၁၀၀ ၀န်းကျင်က ကျနော်တို့ မြို့ထွက်အထိကို နောက်က ပို့ပေးကြတယ်။”

မြစ်သားမြို့မှာ ဒီကနေ့ညအိပ်တည်းခိုမယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။

ထားဝယ်မြို့ သပိတ်မှောက်ကျောင်းသားအဖွဲ့တွေကတော့ ဒီကနေ့မနက်မှာ ထားဝယ် ကွန်ပျူတာ တက္ကသိုလ်ဆီ ချီတက်စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့ပြီးနောက် ကျောင်းဝင်းမှာ ထိုင်သပိတ်လုပ်ကြတယ်လို့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးက ပြောပါတယ်။

ထားဝယ်ကျောင်းသားတွေအနေနဲ့ ရန်ကုန်ကို ချီတက်ဖို့ အစီအစဉ်ရှိပေမယ့် ရက်အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ အစိုးရထံ အချိန်ကန့်သတ်တောင်းဆိုခဲ့ကြပြီး သတ်မှတ်ချိန်ကျော်လွန်တဲ့အတွက် ရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က စတင်ခဲ့ကြတာပါ။

ဓာတ်ပုံ - ဖိုးသား

[gallery ids="78111,78112,78113,78114"]

နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူ လာရောက်တားမြစ်စဉ် (ဓာတ်ပုံ ကိုမင်းဇော်)

[gallery ids="78117,78118,78119"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013