DVB Logo
Home
မြန်မာသတင်း
မြန်မာ ကလေးငယ် ၄ ဒသမ ၉ သန်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေ
DVB
·
March 30, 2026
Photo: UNICEF 
Photo: UNICEF 
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ၁၆ ဒသမ ၂ သန်းလောက်ရှိပြီ အဲဒီအထဲမှာ ကလေးငယ် ၄ ဒသမ ၉ သန်းလောက် ပါဝင်တယ်လို့ မတ် ၂၈ ရက်က စစ်ကိုင်းငလျင်ကြီး တနှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလိုအပ်ချက်တွေဟာ အလွန်ကြီးမားနေဆဲဖြစ်ပေမဲ့ အဲဒီအတွက် တုံ့ပြန်ကူညီနိုင်ဖို့ ရန်ပုံငွေတွေဟာ အလွန်နည်းပါးနေဆဲပဲလို့ ပြောထားပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တိုင်းဟာ နလန်ထူလာနိုင်ဖို့၊ ပညာသင်ယူနိုင်ကြဖို့နဲ့ အိပ်မက်တွေ တဖန်ပြန်မက်နိုင်ဖို့ အခွင့်အရေးတွေ ရရှိထိုက်တယ်လို့လည်း ယူနီဆက်ဖ်က ပြောထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လက မြန်မာနိုင်ငံအလယ်ပိုင်းကို ဦးတည်ပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာမှုတွေကြောင့် နဂိုကတည်းက ခက်ခဲကျပ်တည်းနေကြတဲ့ ကလေးငယ် သန်းပေါင်းများစွာအတွက် အဲဒီကပ်ဘေးဟာ အရှုပ်ထွေးဆုံး အကျပ်အတည်းကို ပိုမိုဆုံးရွားသွားစေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ငလျင်ကြီးလှုပ်ခတ်ပြီး တနှစ်တာကာလအတွင်းမှာ ယူနီဆက်ဖ်ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ငလျင်ဘေးသင့်ဒေသတွေက ကလေးငယ် ၂ ဒသမ ၁ သန်းကျော်အပါဝင် လူဦးရေ ၄ ဒသမ ၆ သန်းအတွက် အသက်ကယ်ဆယ်ရေး အကူအညီတွေနဲ့ မရှိမဖြစ်တဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်း နိုင်ငံတဝန်း စစ်ပွဲပဋိပက္ခတွေ ဖြစ်နေခဲ့လို့ လူဦးရေ ၃ ဒသမ ၆ သန်းလောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ UNOCHA Myanmar က ခန့်မှန်းထားပါတယ်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ ကလေးငယ်တွေဟာ ပညာသင်ယူခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမရရှိတာနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013