DVB Logo
Home
မြန်မာသတင်း
တပ်မတော်က လွှတ်တော်တွင် ဆက်ရှိနေဦးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
January 21, 2015
တပ်မတော်က လွှတ်တော်တွင် ဆက်ရှိနေဦးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

လွှတ်တော်အတွင်းမှာ တပ်မတော်က အမတ်နေရာ လေးပုံတပုံ ပါဝင်ဆောင်ရွက်မှုကို လျှော့ချဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်မဖြစ်သေးဘူးလို့ မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ချာနယ်နယူးစ်အေးရှား သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဗိုလ်ချုပ်မှူးကြီးက မြန်မာ့ဒီမိုကရေစီသက်တမ်းဟာ နုနယ်သေးတာကြောင့် တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်တွေမှာ ဆက်ရှိနေဖို့လိုတယ်လို့ ဖြေဆိုပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်း ခံယူစရာမလိုဘဲ အလိုအလျောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခန့်အပ်နေတာ ဖြစ်ပါတယ်။

min aung hlaingဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လေးနှစ်လောက်ပဲရှိပါသေးတယ်။ ကျနော်တို့ ဒီမိုကရေစီက နုနယ်တုန်းရှိပါသေးတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို ရှေးရှုသွားတဲ့အခါ စနစ်ခိုင်မာဖို့ လိုပါတယ်။ ပါလီမန်တွင်းက တပ်ကိုယ်စားလှယ်ကလည်း ဥပဒေပြုရေးမှာ အကြံဉာဏ်ပဲ ပေးကြတာပါ၊  ဘယ်တော့မှ ဆုံးဖြတ်ချက်တွေ မချနိုင်ပါဘူး” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ သူက “ဒါဟာ  တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်မှု ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအပေါ် အများကြီးတည်မှီပါလိမ့်မယ်။ အချိန်အတိအကျ သတ်မှတ်ပြဋ္ဌာန်းဖို့ ခက်ခဲပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် တပ်မတော်ကိုယ်စားပြုမှု ၂၅ ရာခိုင်နှုန်းဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးဖြစ်စဉ်ကို နှောင့်နှေးစေတယ်လို့ ယူဆသူတချို့ ရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်မျိုးသိန်းက “မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ ရင့်ကျက်မှု ရှိမရှိနဲ့ ဒီဖြစ်စဉ်က ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတဲ့ ချင့်ချိန်အကဲဖြတ်မှုတွေကို ဘယ်သူက အဆုံးအဖြတ်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီး  မြန်မာပြည်သူအများစုက စိုးရိမ်နေကြတယ်”လို့ စီအန်အေ သတင်းမှာသုံးသပ်ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ်ရှိပြီး အသက် ၆၀ သက်ပြည့်ပင်စင်ယူရကာနီးတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “သမ္မတဖြစ်ရေးနဲ့ပတ်သက်လို့ အခြေအနေအချိန်အခါပေါ် မူတည်ပြီး ကျနော် ဆုံးဖြတ်မှာပါ။ ကျနော်က နိုင်ငံရေးဘက်ကို လက်ရှိမှာ အလေးထားအာရုံစိုက်ရင် ကျနော်အခုလုပ်ဆောင်နေတဲ့ အလုပ်အမှာ ပေါ့လျော့သွားစေပါလိမ့်မယ်။ ခုအချိန်မှာတော့ ဒီအကြောင်း ဆုံးဖြတ်ချက်ချဖို့နဲ့ပြောဖို့ စောလွန်းပါသေးတယ်” လို့ ပြောပါတယ်။

တပ်မတော်အကြီးအကဲဟာ နိုင်ငံရေးလောကအတွင်း ၀င်ရောက်မယ်လို့ တရားဝင် ထုတ်မပြောပေမယ့်  မကြာသေးခင်က မီဒီယာတွေနဲ့ ဆက်ဆံပြောဆိုတာ၊ ပြည်သူတွေနဲ့ ပိုမိုထိတွေ့ဖို့လိုအပ်တယ်ဆိုတာ သိရှိဆောင်ရွက်လာခြင်းဟာ တပ်မတော်ကနေ အနားယူပြီးနောက် တိုင်းပြည်အတွက် ဆက်လက်ဆောင်ရွက်ကောင်းဆောင်ရွက်မယ်ဆိုတဲ့ လက္ခဏာတွေဖြစ်တယ်လို့ သတင်းမှာ သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013