DVB Logo
Home
Lead Story
ကျနော်တို့ တမျိုးသားလုံး ရင်ထဲမှာ စူးရှ ရင်နင့်စွာ ခံစားရတယ်- ဦးလမာယော်
DVB
·
January 21, 2015
ကျနော်တို့ တမျိုးသားလုံး ရင်ထဲမှာ စူးရှ ရင်နင့်စွာ ခံစားရတယ်- ဦးလမာယော်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်အတွင်းက ရွာမှာ ဇန်န၀ါရီ ၁၉ ရက်ညပိုင်းက အသတ်ခံခဲ့ရတဲ့ ကချင်ဆရာမလေး ၂ ဦးရဲ့ အလောင်းကို မြစ်ကြီးနားကို သယ်ဆောင်သင်္ဂြိုဟ်ဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ) ပြန်ကြားရေးဌာန တာဝန်ခံ ဦးလမာယော်ဟာ မူဆယ်မြို့ကို ဒီနေ့ခင်းမှာ ရောက်ရှိပါတယ်။ ဦးလမာယော်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

[caption id="attachment_78000" align="alignright" width="251"]ဓာတ်ပုံ (Lama Yaw Facebook) ဓာတ်ပုံ (Lama Yaw Facebook)[/caption]

ကလေးမလေး ၂ ယောက် အလောင်းကို မူဆယ်ကနေ မြစ်ကြီးနားကို သယ်ဆောင်သင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဟုတ်ကဲ့။ အဲသလို စီစဉ်နေပါတယ်။

ဒီသာသနာပြုဆရာမ ၂ ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ကေဘီစီသဘောထားကို ပြောပြပါ။

ကျနော်တို့ရဲ့ စာပေဌာနက သာသနာပြုတဲ့ ဆရာမတွေ ဖြစ်တယ်။ နောက် အခကြေးငွေမယူတဲ့ စေတနာ့ဝန်ထမ်းတွေ ဖြစ်တယ်၊ ကျောင်းဆရာနဲ့ ဆရာမတွေ ကင်းဝေးတဲ့ ဟိုးခေါင်ခိုက်တဲ့နေရာတွေ သွားပြီးမှ အမှုတော်ဆောင် ဆက်ကပ် စာသင်ပေးနေတဲ့ ဆရာမတွေ ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ ကေဘီစီက စေလွှတ်ထားတဲ့ဆရာမတွေ ဖြစ်တယ်။ အဲဒီအခါကျတော့ ကျနော်တို့ရဲ့ ဈာပန ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အများနဲ့ သက်ဆိုင်တဲ့ ကျနော်တို့ ရုံးချုပ်ကို ပြန်လည် သယ်ဆောင်ပြီးမှ သင်္ဂြိုဟ်ဖို့ရန် စီစဉ်ခြင်း ဖြစ်တယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ အသင်းချုပ်က ဘာသတင်းအချက်တွေ ရထားလဲ။

မှုခင်းပိုင်းဆိုင်ရာကတော့ ကျနော်တို့လည်း အခုမှ ရောက်ရောက်ခြင်း ဖြစ်နေသေးတဲ့ အတွက်ကြောင့်မို့ မသိရသေးဘူး။

အလောင်းသယ်ယူရေးပိုင်းနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရတို့၊ သက်ဆိုင်ရာဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းနဲ့ရော နယ်ကျော်သယ်ယူရေးကိစ္စကို ဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ။

ကျနော်တို့ မြန်မာနိုင်ငံမှာ အဲသလို ခွင့်တောင်းစရာ မလိုပါဘူး။ မန္တလေး၊ ရန်ကုန်၊ တနယ်တကျေးက အားလုံး မိမိအိမ်ကို ယူသွားချင်တဲ့သူတွေအားလုံးလည်း ယူနေကျ ဖြစ်တဲ့အတွက် ကြောင့် အဲသလို သီးသန့်ရယ်လို့ ခွင့်တောင်းတာတွေ ဘာတွေတော့ မရှိဘူး။

မနေ့တုန်းက မြစ်ကြီးနားမြို့မှာ အန်ကယ်တို့ ဒီကောင်မလေး ၂ ယောက်အတွက် ၀တ်ပြု ဆုတောင်းပွဲ ဓာတ်ပုံတွေ့လို့ ဘာတွေ ဆောင်ရွက်ကြလဲ ပြောပြပါလား။

အဲသလို ဖြစ်ပျက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ တမျိုးသားလုံး ရင်ထဲမှာ စူးရှစွာနဲ့ ရင်နင့်စွာ ခံစားရတဲ့အကြောင်း ဘုရားသခင်ဆီမှာ တိုင်တည်ပြီးမှ ဆုတောင်းခြင်း ဖြစ်တယ်။ ကြေကွဲဝမ်းနည်းခြင်း ကြိတ်မနိုင်ခဲမရ အစီအစဉ်လေး ဖြစ်တယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကချင်ခရစ်ယာန်နှစ်ခြင်းအသင်းချုပ်အနေနဲ့ ဘယ်လိုမျိုး လိုလားပါသလဲ။
တရားဥပဒေစိုးမိုးတဲ့နိုင်ငံဆိုရင် တရားဥပဒေအတိုင်း ကာယကံရှင်တွေ၊ လက်သည်တွေ လည်း ပေါ်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျ။ ဘယ်သူ၊ ဘာရယ်လို့တော့ ကျနော်တို့ ယိုးမယ်မဖွဲ့တော့ဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013