DVB Logo
Home
Lead Story
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နှင့်အမ်ပီစီဆွေးနွေး (ဓာတ်ပုံ)
DVB
·
January 21, 2015
Donate to DVB

တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး ဆွေးနွေးပွဲ ပြန်စနိုင်ဖို့  မြန်မာငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) တာဝန်ရှိသူတွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အမ်ပီစီဘက်က ဦးလှမောင်ဆွေ၊ ဒေါက်တင်မောင်သန်း နဲ့ ဦးညိုအုန်းမြင့်တို့နဲ့ အန်စီစီတီဘက်က ဗိုလ်ချုပ်ဂွန်မော်၊ ပဒိုကွယ်ထူးဝင်းအပါအ၀င် ခေါင်းဆောင်အချို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲကတော့ တနိုင်ငံလုံးအပစ်ရရေး ဆွေးနွေးပွဲအတွက်  အမ်ပီစီ နဲ့ အန်စီစီတီ တို့တွေ့ဆုံဆွေးနွေးတာဖြစ်ပြီး ဇန်နဝါရီလ ၁၉ နဲ့ ၂၀ ရက်နေ့တော့ အန်စီစီတီအဖွဲ့ဝင်တွေ သီးသန့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

အခု   အမ်ပီစီ နဲ့ အန်စီစီတီ တို့ရဲ့ ဆွေးနွေးပွဲ ရလဒ်အပေါ်မှာ မူတည်ပြီး အန်စီစီတီ နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)တို့ရဲ့ ၇ ကြိမ်မြောက် တနိုင်ငံလုံး အပစ်ရရေး ဆွေးနွေးပွဲ ကိစ္စ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

လာမယ့် ၇ ကြိမ်မြောက် တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးရေးကိုတော့ ရန်ကုန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

[gallery ids="77967,77966,77965,77964"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013