DVB Logo
Home
Lead Story
အကျဉ်းသား ၃ ဦး ဟင်္သာတထောင်မှ ထောင်ဖောက်ထွက်ပြေး (ဓာတ်ပုံ)
DVB
·
January 21, 2015
အကျဉ်းသား ၃ ဦး ဟင်္သာတထောင်မှ ထောင်ဖောက်ထွက်ပြေး (ဓာတ်ပုံ)
1 / 6
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အကျဉ်းထောင်ကနေ အကျဉ်းသား ၃ ဦး ဒီနေ့ မနက်အစောပိုင်းက ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ဟင်္သာတအကျဉ်းထောင်မှာ ခိုးမူနဲ့ ထောင်ဒဏ် ၃ နှစ်ကျခံနေရတဲ့ သက်ပိုင်စိုး (ခ) အုန်းသီးနဲ့ ထွန်းထွန်းနိုင် (ခ) လဒူနဲ့ ကြေးနန်းကြိုးခွေ ရောင်းမူနဲ့ အမူရင်ဆိုင်နေတဲ့ အချုပ်သား ဖိုးချို (ခ) ကျော်ဇေယျတို့  ထောက်ဖောက် ထွက်ပြေးသွားတာလို့  ဟင်္သာတမြို့နေ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဒီသုံးဦးဟာ ဟင်္သာတအကျဉ်းထောင် အတွင်း တရားစခန်း ဖွင့်လှစ်အသုံးပြုနေတဲ့  အမှတ် ၅ အိပ်ဆောင် အပေါ်ထပ်ကြမ်းခင်းကနေ အောက်ထပ်က သစ်သားတန်းကို ဖောက်ပြီး ၀က်လားဆောင်အရှေ့ဘက် အုတ်ရိုးပေါ်ကတဆင့် လမ်းမတော်လမ်းမ အခြေခံကျောင်း မျက်နှာစာဘက်အခြမ်းက ထောင်နံရံကို ကျော်တက်ထွက်ပြေးသွားတာဖြစ်ကြောင်း  အုပ်ချုပ်ရေးဌာနရဲ့ အစောပိုင်းသတင်းတွေအရ သိရပါတယ်။

တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လာရောက်စစ်ဆေးမူတွေ ရှိခဲ့ပေမယ့် ဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလည်း ဟင်္သာတ အကျဉ်းထောက်ကနေ ထောင်သားတွေ ထွက်ပြေးခဲ့ဖူးတာရှိပါတယ်။

[gallery ids="77947,77948,77949,77950,77951,77952"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013